အချစ်မှာလဲ စနစ်လိုတယ်။
မွေးနေ့မမေ့တာ။
စိတ်ခံစားမှုလိုအပ်ချက်ဖြည့်ပေးတာ။
ပုံမှန် ဆက်သွယ်မှုပြုလုပ်တာ။
အဆင်မပြေတာတွေကို ဖြေရှင်းတာ။
နားလည်ပေးတာ။
ဒါတွေက ထပ်ခါထပ်ခါ
လုပ်ရမည့်အရာတွေ။
ဒီထပ်ခါထပ်ခါလုပ်ရမည့်အရာတွေကို
စနစ်ချဖို့လိုတယ်။
မဟုတ်ရင် အချစ်ရေးက
ဖရိုဖရဲဖြစ်သွားမယ်။
ဘဝမှာ အချစ်ရေး စာမေးပွဲလဲ
အကြိမ်ကြိမ်ကျဖူးတယ်။
ဖြေတိုင်းမအောင်တဲ့ စာမေးပွဲတစ်ခု
ဖြစ်ခဲ့တယ်။
ဒါ လူတော်တော်များများကြုံရမှာပဲ။
ဒီစနစ်တည်ဆောက်ဖို့
၁။ ကိုယ့်ရဲ့ အချစ်ကို မြင်တဲ့
အခြေခံအယူအဆကို ပြန်ဆန်းစစ်ရတယ်။
၂။ မှားတာတွေဖယ်၊ မှန်တာတွေနဲ့
ပြန်အစားထိုးရတယ်။
(ဥပမာ လုပ်ငန်းတစ်ခုလုပ်တဲ့အခါရှိတဲ့
အယူအဆနဲ့
အချစ်ရေးမှာရှိတဲ့ အယူအဆမတူဘူး။
အချစ်ရေးမှာရှိတဲ့ အယူအဆနဲ့
ကလေးကို ပြုစုပျိုးထောင်တဲ့ အယူအဆမတူပြန်ဘူး။)
၃။ ကိုယ့်အကြောင်းကိုယ်သိအောင်သေချာလုပ်။
တဖက်လူအကြောင်းကို သိအောင် သေချာလုပ်။
မှန်မမှန် ပြန်မေးကြည့်။
ပြဿနာအများစုက ကိုယ့်ကိုကိုယ်နဲ့
တဖက်လူလိုအပ်ချက်ကို မသိလို့ပဲ။
အချစ်ရေးဆိုတာ လိုအပ်ချက်တွေ
ဖလှယ်တဲ့ နေရာတစ်ခုလို့ပြောရင်
မှန်မလားမသိဘူး။
၄။ ကိုယ့်ရဲ့ တုန့်ပြန်မှုပုံစံတွေကို
ပြန်သတိပြု၊ ပြင်သင့်ရင်ပြင်။
ဥပမာ ခေါင်းစားရင် မခံနိုင်တာမျိုးဆို
အဲ့လိုဖြစ်လာတဲ့အခါ
ဘယ်လို တုန့်ပြန်မလဲ။
တုန့်ပြန်မှု စနစ်ကို ပြန်ကောင်းအောင်လုပ်။
(လူတိုင်းက ငယ်ဘဝကတည်းက
သတိမထားမိပဲ မသိစိတ်က ဖြစ်နေတဲ့
တုန့်ပြန်မှု စနစ်တွေရှိတယ်။)
အိမ်ထောင်ပြုပြီး ဘဝကိုပျော်တဲ့
နှုန်းက ၅၀% ရှိခဲ့မယ်ဆို
၅၀% ထဲပါဖို့တော့လိုတာပေါ့။
ကလေးထပ်မယူတော့ဘူးဆိုရင်
အိမ်ထောင်ဆိုတဲ့ လူ့ဘောင်ကသတ်မှတ်ထားတဲ့
အဓိပ္ပာယ်ဖွင့်ဆိုမှုကို ပြန်စဥ်းစားရတယ်။
Robert Greene တို့၊ Tim Ferriss တို့ကတော့
အိမ်ထောင်ဆိုတာကို bypass လုပ်ပြီး
အသက်ကြီးတဲ့ထိ ပျော်ပျော်ပဲ
အချစ်ရေးမှာ ဖြတ်သန်းသွားကြတယ်။
LGBTQIA+ ခေတ်မှာ
ကိုယ့်ရဲ့ အချစ်ရေးပုံစံ preference ကလဲ
အရေးကြီးတယ်လို့ထင်တယ်။
ကိုယ်နဲ့တွေ့တိုင်း တဖက်လူက
သူ့ပကတိအခြေအနေထက်
ပိုကောင်းသွားအောင်
တန်ဖိုးတက်အောင်လုပ်ပေးနိုင်ဖို့က
အချစ်ရေး၊ အိမ်ထောင်ရေးမှာသာမက
employer, employee, partnership
relationship တိုင်းမှာအရေးကြီးတယ်။
Phyo Paing @ Derek