Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။

လူတွေက လိုချင်တာရတာမဟုတ်ဘူး။
ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။
ကိုယ်နဲ့မထိုက်တန်တဲ့အချိန်
ရှိထားတာတွေတောင်
အဝေးရောက်သွားမှာပဲ။

ကိုယ်လိုချင်တာတွေနဲ့ ထိုက်သန်သူဖြစ်ဖို့
ကိုယ့်ဖက်က လုပ်သင့်တာတွေလုပ်နေလား
ပြန်မေးကြည့်ဖို့လိုတဲ့အချိန်တွေရှိတယ်။

အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊
အချစ်ရေး၊ အပေါင်းအသင်း အကုန်လုံးပဲ။
ကိုယ် IQ ပုရင် ပုတဲ့သူနဲ့ပဲတွေ့မှာပဲ။

ကိုယ်က အရာရာကိုဆွဲငင်နေတဲ့
သံလိုက်တုံးကြီးပဲ။
ဘာတွေကို ဘဝထဲရောက်လာစေချင်လဲ။
အဲ့ဒါတွေ ဘဝထဲရောက်လာဖို့
တစ်ရက်တာကို ဘယ်လိုပြုမူနေထိုင်လဲ
ဒါကို ပြန်သုံးသပ်ရမယ်။​

နေသလိုဖြစ်တဲ့ ဘဝမှာ
ဖြစ်သလိုနေရင်
ဖြစ်သလိုပဲ ဖြစ်နေမှာပဲ။

ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။

လူ့အဖွဲ့အစည်းတစ်ခု မယိုင်လဲသွားအောင်
monogamy တစ်လင်တစ်မယားစနစ်၊
အလုပ်အကိုင်တွေအတွက်
skill level classification နဲ့
life cycle segmentation နဲ့
political system တွေနဲ့
social structure ကြီးတည်ဆောက်ထားတာ။

ဗရမ်းဗတာ structure အတွင်းမှာ
ဗရမ်းဗတာ ရလဒ်ပဲရတာပဲ။

ဒီ structure ရှိမှာ
ဘဝကို ဖြတ်သန်းမည့် strategy ကို
စဥွးစားရတာ။

လူအများစုက တစ်ရက်တာကို
ဘယ်လို ဖြစ်သန်းမလဲ structure
မတည်ဆောက်ထားကြဘူး။
အမူအကျင့်ဆိုတာ structure ပဲ။
Habit တစ်ခုဖြစ်သွားရင်
ဦးနှောက်ရဲ့ Basal ganglion က
မောင်းနှင်သွားတဲ့အတွက်
စိတ်စွမ်းအား battery သုံးပြီး
motivation ယူနေစရာမလိုတော့ဘူး။

Motivation is what gets you started.
Habit is what keeps you going ဆိုတဲ့
စကားကြားဖူးလိမ့်မယ်။
အလားတူပဲ ဘဝကို အထာကျကျ
ဖြတ်သန်းဖို့ Structure လိုတယ်။

ကိုယ်ဒီနေ့လုပ်လိုက်တဲ့ အလုပ်တွေက
အနာဂတ်မှာ ဖြစ်ချင်တဲ့ ကိုယ်
ဖြစ်လာဖို့ အထောက်အပံ့ပြုမလား
စဥ်းစားကြည့်ကြည့်။
အထောက်အပံ့မပြုရင် ပြင်ပေါ့
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​