ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇) ခု ကို မျှဝေချင်ပါတယ် အားတီ၊ အားမေတို့။
1️⃣ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။ Default ပေးထားတဲ့အတိုင်း မနေဘဲ၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံအတွက် ဒီဇိုင်းချပါ။
2️⃣ အနာဂတ်ပြဿနာတွေကို ကြိုတင်ဖြေရှင်းပါ။ Solution ရှိပြီးမှ ပြဿနာနဲ့တွေ့ရင် ဖြေရှင်းရတာ ပိုလွယ်ပါတယ်။
3️⃣ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ အလုပ်ကနေ့တိုင်းလုပ်လို့ရပေမယ့် အလုပ်ဖြစ်တဲ့အလုပ်ကတော့ အမြဲတမ်းလုပ်လို့မရပါဘူး။
4️⃣ Power Law။ တစ်ဦးတစ်ယောက်အပေါ် လိုအပ်ချက် ပိုများနေရင် ဒုက္ခရောက်တတ်ပါတယ်။ လူတစ်ယောက်တည်းအပေါ် မှီခိုအားထားမှု မများစေပါနဲ့။
5️⃣ ဘူးကောင်တွေကို ရှောင်ပါ။ ကျေးဇူးတင်စိတ်မရှိ၊ အမြဲကွန်ပလိန်းတက်၊ သူများကိုအပြစ်တင်၊ ကိုယ့်ဘဝကိုယ်မပြင်ချင်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။
6️⃣ ကိုယ့်ကိုယ်ကို ဆုလာဘ်လို့သတ်မှတ်ပါ။ ကောင်းတဲ့လူတွေနဲ့ပဲတွေ့ချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ကောင်းအောင်လုပ်ပါ။
7️⃣ နေ့စဉ်တိုးတက်ပြောင်းလဲပါ။ အောင်မြင်မှုဆိုတာ အိမ်ငှားလိုပါပဲ၊ တိုးတက်မှုဆိုတဲ့ အိမ်လခကို မပေးနိုင်ရင် နှင်ထုတ်ခံရတတ်ပါတယ်။
Phyo Paing @ Derek