Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝကို Troubleshoot လုပ်ပါ။

အသက်ကြီးလာတာနဲ့အမျှ၊
သတင်းအချက်အလက်တွေရှိလာတာနဲ့အမျှ၊
အတွေ့အကြုံတွေက သင်ခန်းစာယူရင်း
ရင့်ကျက်လာကြတယ်။

ဒီအတွေးအခေါ်၊ အသိဥာဏ်၊
သတင်းအချက်အလက်၊
သင်ခန်းစာတွေက
ဘဝပြဿနာတွေကို troubleshoot လုပ်
ဖြေရှင်းတဲ့အခါ အရမ်းအသုံးဝင်လာတယ်။

မော်တော်ပီကေ မဖမ်းခံဖူးတဲ့သူအတွက်
ပထမဆုံး အဖမ်းခံရရင်
ကြောက်သလိုလိုဖြစ်တယ်။
အသက်အရွယ်ရလာတော့ name tag ကိုကြည့်ပြီး
ရင်းနှီးအောင်ပြော စျေးငြိတတ်လာတယ်။
အသက်ကြီးလာတော့ ဒါတွေအလုပ်ရှုပ်တယ်။
လိုင်စင်ကို သွားလေရာ ဆောင်ထားဖို့
သတိကပ်လိုက်လာသလိုမျိုးပေါ့။

ငယ်ငယ်က motivation ရဖို့ ရှာတယ်။
နောက် motivation ကို ဖန်တီးဖို့ကြိုးစားတယ်။
နောက် motivation ကို ကြာရှည်ခံပြီး
မပျောက်သွားအောင် စမ်းသပ်မှုတွေလုပ်တယ်။
အခုကျတော့ ကိုယ်နဲ့ တစ်သားထဲဖြစ်သွားတယ်။

အသက် ၁၀၀ မနေရလဲ
ပြဿနာပေါင်း ၁၀၀ မက ကြုံမှာပဲ။
အရေးကြီးတာ ဒီပြဿနာတွေနဲ့ ကိုယ်နဲ့
သူငယ်ချင်းဖြစ်ပြီး သူတို့ကို ထိန်းချုပ်နိုင်ဖို့ပဲ။

ပြဿနာတွေကို ချစ်ပါ။
Troubleshoot လုပ်ဖြေရှင်းပါ။
ပြဿနာရှိတာ ကျေးဇူးတင်ပါ။
သူတို့မရှိရင် ကျွန်တော်တို့
တိုးတက်နိုင်ဖို့ မလွယ်ဘူး။

နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရတဲ့သူဆို
သူအောင်မြင်တာပဲ မြင်ကြတာ
သူပြဿနာတွေ ဘယ်လိုဖြေရှင်းခဲ့လဲ
ဒါကိုလေ့လာပြီး အသုံးချနိုင်ဖို့အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​