လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။
အားလုံးသိပြီးတဲ့
၂၀/၈၀ သီအိုရီဆိုတာရှိတယ်။
အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းလုပ်တာ
၈၀ ရာခိုင်နှုန်းရလဒ်ရစေတယ်။
ကျွန်တော်ဘဝမှာ အသုံးချပုံကို
နည်းနည်းပြောပြပေးမယ်။
ကျွန်တော့် စွမ်းအင်တွေ ၁၀၀ ရာခိုင်နှုန်းရှိရင်
၂၀ ရာခိုင်နှုန်းစီကို အလုပ် ငါးခုမှာပေးထားတယ်။
ဥပမာ
-လေ့လာ၊ စမ်းသပ်၊ စာရေး၊ စာအုပ်ထုတ်၊
ဗီဒီယို ဖန်တီးတာက ၂၀%
-စီးပွားရေးအကြံပေးတာက ၂၀%
-သင်ကြားမှုအပိုင်းက ၂၀%
-နည်းပညာထုတ်ကုန်တွေဖန်တီးတာက ၂၀%
-လုပ်ငန်းသစ်တွေစတာ၊ ရင်းနှီးမြုပ်နှံမှုပြုလုပ်
ဒါရိုက်တာလုပ် သွားမည့်လမ်းကြောင်းပြတာ ၂၀%
ဘဝမှာ ၂၀/၈၀ နည်းကို တစ်ခုတည်းမသုံးဘဲ
ခြင်းတောင်းတစ်ခုထဲမှာ
ကြက်ဥအကုန်မထားတော့ဘဲ
ဖြန့်ကျက်မဟာဗျူဟာကို ထားထားတယ်။
ဒါကြောင့် စာရေးဆရာလား၊
ဖန်တီးသူလား၊
အကြံပေးလား၊
သင်ကြားရေးဆရာလား၊
စွန့်ဦးတီထွင်လုပ်ငန်းရှင်လား၊
ရင်းနှီးမြုပ်နှံမှုပြုလုပ်သူလား၊
ဒီဂျစ်တယ်နိုမက်လား
ဆရာဖြိုးပိုင်က ဘာလဲ။
ဒီမေးခွန်းမေးတဲ့အခါ
ဟုတ်တယ်။
အချိန်ရဲ့ ၂၀% ကို ပေးပြီး
ရလဒ်ရဲ့ ၈၀% ကိုပဲယူဖို့မှန်းထားတယ်။
ဒါတွေအားလုံးပေါင်းစပ်မှုရဲ့
collective upside က
တစ်ခုတည်းကို ၁၀၀% အားထည့်တာထက်
ပိုနိုင်မယ်လို့ မြင်တယ်။
အထူးသဖြင့် ကျွန်တော်တို့ ရှင်သန်တဲ့
ပတ်ဝန်းကျင်မှာပေါ့။
ငယ်ငယ်တည်းက ကျောင်းမှာ
စာအတော်ဆုံးကျောင်းသားမဟုတ်ဘူး။
ကိုယ်လိုချင်တဲ့ အမှတ်ကိုတော့
အနည်းဆုံးအားထုတ်မှုနဲ့ရအောင်
လုပ်ဖို့တော့ အမြဲကြံဆနေဖြစ်တယ်။
ဘဝက တိုတိုလေးပဲ။
အရေးပါတာကို အရာပေးဖို့လိုတယ်။
Phyo Paing @ Derek