Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။

ကိုယ့်အခြေပြု စီးပွားရေးမော်ဒယ်။
ကိုယ့်ကိုယ်ကို ဖောက်သည်
တစ်ယောက်လို စဥ်းစားပြီး
ကိုယ့်အတွက် လိုအပ်တဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှာဖွေဖန်တီးရင်း
လုပ်ငန်းဖန်တီးလို့ရပါတယ်။

ဆေးကျောင်းပြီး career change ဖို့လုပ်ရင်း
ABE UK Graduate Diploma တက်ဖြစ်ပြီး
စာသင်တာကို ဒီထက်ပိုကောင်းအောင်
လုပ်လို့ရတယ်ဆိုတာ နားလည်လာပြီး
YEC Learning Center လုပ်ဖြစ်တယ်။
ဒီက New Next University ဖြစ်လာတယ်။

၂၀၀၈ နှစ်ကုန်လောက်မှာ iPhone 2G
သူငယ်ချင်း ယူအက်ကပြန်လာတော့
မိုက်တာနဲ့ ဝယ်လိုက်တယ်။
App အတွက် ကလိရင်းနဲ့
ကျွမ်းသွားတယ်။
အဲ့အချိန် ဖုန်းဆော့ဝဲတွေပြန်လုပ်ပေးရင်းနဲ့
ဖုန်းဆိုင်ဖွင့်ဖြစ်သွားတယ်။

ဆိုင်ဖွင့်တော့ တိုင်ပတ်။
တိုင်ပတ်တာကို အဖြေရှာရင်း
စီးပွားရေး စီမံခန့်ခွဲမှုလေ့လာဖြစ်တယ်။
နောက်မားကတ်တင်း လေ့လာဖြစ်တယ်။
နောက်ပိုင်း သင်တန်းဆရာဖြစ်လာတယ်။
နောက် အကြံပေးဖြစ်ရင်းနဲ့
Covid-19 နောက်ပိုင်း Virtual Consultant ဖြစ်လာတယ်။

ကိုယ့်သင်တန်းတွေအတွက် website လုပ်
learning management system လုပ်ရင်း
Toe Tet ဖြစ်လာတယ်။
တခြား trainer တွေ၊ influencer တွေ၊
လုပ်ငန်းတွေအတွက် learning management system
လုပ်ပေးရင်း DigitalSeed Agency ကို
CTO နဲ့ ပေါင်းလုပ်ဖြစ်သွားတယ်။
နောက်ပိုင်း ecommerce site တွေကို
ကိုယ့် client တွေ အတွက်လုပ်ပေးဖြစ်တယ်။

Coaching/ Consulting လုပ်တဲ့အခါ
framework တွေ၊ planning tool တွေလိုတယ်။
ဒါကို website တစ်ခုတည်းမှာ strategyzer လို
လုပ်ချင်တော့ Akyanpay လုပ်ဖြစ်သွားတယ်။

ကိုယ့်အတွက် Pomodoro တွေမှာရင်း
တရုတ်ကနေ OEM လုပ်လို့ရတဲ့စက်ရုံနဲ့ချိပ်မိပြီး
Toe Tet Timer တို့၊
Mindmax Speaker တို့လုပ်ဖြစ်သွားတယ်။
Idea တွေကို product အနေနဲ့ ပြောင်းဖို့
ကူညီလို့ရတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်သွားတယ်။

နောက် စာအုပ်တွေဖတ် video လုပ်တဲ့
business model နဲ့
တခြား creator တွေအတွက်ပါလုပ်ပေးလို့ရနိုင်မယ်
မဟုတ်လဲ ကိုယ့်အတွက်လုပ်ရမှာပဲဆိုပြီး
Insidernote App လုပ်ဖြစ်သွားတယ်။

Business Model က ကိုယ့်အပေါ်မှာပဲ
အခြေခံပြီးလုပ်တဲ့အတွက်
Business Model You လို့လဲခေါ်တယ်။

စီးပွားရေးလုပ်တယ်ဆိုတာ
ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။

Phyo Paing @ Derek

Share Your Idea!​