Laptop တစ်လုံး
Luggage တစ်လုံးနဲ့
နေရာအစုံလျှောက်သွားနေတာ။
ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲက
ji gong ကျိကုန်း။
ဝိုင်လဲသောက်တယ်။
တရားလဲကျင့်တယ်။
unorthodox သမရိုးမကျဘူး။
သမရိုးကျမဖြစ်
တွယ်တာမှုအနည်းဆုံးနဲ့
ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့
အလုပ်တွေလုပ်ရင်း
အသက်မွေးမှုပြုချင်တယ်။
အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။
ကိုယ်ဘယ်သူလဲဆိုတာကို
ဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။
ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲ
ဆက်စပ်နေတယ်။
ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။
အသက်အရွယ်အလိုက်
ဟော်မုန်းတွေ အတက်အကျနဲ့အတူ
စိတ်အပြောင်းအလဲတွေဖြစ်နေတယ်။
လူတော်တော်များများက
လူအများလိုချင်တာကို
လိုချင်ကြတယ်။
သူတို့ဘာကိုလိုချင်လဲ
သေချာ မသိကြဘူးတဲ့။
ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က
“Few people have the independence of mind to resist the instincts of the herd.”
— Human, All Too Human (1878) တဲ့။
ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့
လူအများစုရဲ့
ယုံကြည်မှု၊ အခြေခံယူဆချက်၊
လောကအမြင်တွေထဲက
ထောင်ဖောက်ပြီး လွတ်မြောက်မှုကို
ဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။
တခြားလူတွေလိုချင်တဲ့ဘဝကို
ကိုယ်မလိုချင်ဘူး။
ကိုယ်လိုချင်တဲ့ဘဝကို
သံသရာတစ်ကွေ့ ဒီနေ့မှာ
မျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီး
ဖြတ်သန်းနေတယ်။
ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။
ကိုယ်ပေးနိုင်တာ ကိုယ်ပေး။
ကိုယ့်အကန့်ကိုယ်သိ။
ကိုယ့်အတွေးအခေါ်နဲ့
ကိုယ့်ဘဝကိုယ် တည်ဆောက်။
ကမ္ဘာပေါ်မှာ အလွတ်လပ်ဆုံးသူတွေထဲမှာ
ဖလော်ဆော်ဖာတွေပါတယ်။
ကိုယ့်အတွေးအခေါ်နဲ့ကိုယ်
ဘဝကို ပုံဖော်တဲ့အခါ
ဘဝကြီးက ငြိမ်းချမ်းတယ်။
ကျေနပ်စရာကောင်းတယ်။
ဒုက္ခကြုံရင်တောင်
ဒီဒုက္ခအချဥ်ဓာတ်တွေကို
ချိုမြိန်အောင်
အတွေးအခေါ် သကြားရည်ခပ်လို့ရတယ်။
ဒုက္ခတွေနဲ့ ပျော်တတ်အောင်နေတတ်တယ်။
Phyo Paing @ Derek