Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။

သေချာရှာရင် လူတိုင်းမှာ
မွေးရာပါ ပါရမီ
သုံးခုလောက်ပါတတ်တယ်။

အဲ့ဒီစူပါ ပါဝါကိုသုံးနိုင်ရင်
ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ
လူရိုသေရှင်ရိုသေ နေရာတစ်ခုရမယ်။

ကိုယ်ဘေးနားက ကျွမ်းကျင်သူတွေမှာလဲ
ဒီလို စူပါပါဝါတွေရှိတယ်။
ဒါတွေကို ပေါင်းစပ်နိုင်ရင်
ကြီးကျယ်ခမ်းနာတဲ့ အရာတွေဖန်တီးနိုင်တယ်။

ဒီ စူပါပါဝါတွေ ပေါင်းစပ်ဖို့
မတူညီတဲ့ အမြင်တွေနဲ့ ကြည့်ပေးနိုင်ဖို့လိုတယ်။
စာနာနားလည်ပေးတတ်ဖို့လိုတယ်။
တဖက်လူရဲ့ အားသာချက်ကို မြင်တတ်ဖို့လိုတယ်။
ကိုယ့်ဖက်က အရင် ပေးတတ်ဖို့လိုတယ်။
တဖက်လူ အားနည်းချက်ကို
ဖော့ပြီး တွေးပေးတတ်ဖို့လိုတယ်။

ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက
ကိုယ်တိုင် ဖြစ်နေတတ်တယ်။

If you can change your mind,
you can change your life တဲ့။
စိတ်ပညာရှင် William James ကဆိုခဲ့တယ်။

Phyo Paing @ Derek

Share Your Idea!​