မြန်မာစာပဲ တတ်တဲ့သူနဲ့
အင်္ဂလိပ်စာ တတ်တဲ့သူနဲ့
စဥ်းစားမှုချင်းကွာသွားနိုင်တယ်လို့
ယူဆတယ်။
ဘာကြောင့်လဲဆိုတော့
ဘာသာစကားဖွဲ့စည်းပုံကြောင့်။
Sapir-Whorf hypothesis အရ
အသုံးပြုတဲ့ ဘာသာစကားပေါ်မူတည်ပြီး
စကားလုံးတွေအပေါ်ထင်တဲ့
အထင်အမြင် (perceived reality)
မတူတတ်ကြဘူးတဲ့။
ကြီးကြီးကျယ်ကျယ်တွေ စဥ်းစားပြန်ပြီ။
ဘဝင်မြင့်နေတယ်။
ကြီးကြီးကျယ်ကျယ် စဥ်းစားတာကောင်းသလား။
ကြီးကြီးကျယ်ကျယ် ပြောတာ ကောင်းသလား။
ကြီးကြီးကျယ်ကျယ် လုပ်ဆောင်တာကောင်းသလား။
ဘဝင်မြင့်တာ မကောင်းရင်
ဘဝင်နိမ့်တာကော ကောင်းသလား။
တချို့က ဘဝင်မမြင်နဲ့
ဘဝမြင့်အောင်လုပ်တဲ့။
ဘဝင်မြင့်တယ်ဆိုတာ ကိုယ့်ကိုယ်ကို
ကြီးကြီးကျယ်ကျယ်မြင်တာ။
ကိုယ့်ကိုယ်ကို ကြီးကြီးကျယ်ကျယ်မမြင်ပဲ
ဘဝမြင့်အောင်လုပ်လို့လွယ်မလား?
အလယ်အလတ်လမ်းစဥ်ကျင့်ဆိုတော့
အလယ်အလတ်လမ်းစဥ်ကျင့်ရင်
အလယ်အလတ်ပဲဖြစ်နေမလား။
တချို့ကလဲ အလယ်မှာ လတ်နေတတ်တယ်တဲ့။
စကားလုံးတွေ၊ စာပေတွေ၊
ယဥ်ကျေးမှုတွေက လူတွေရဲ့
အတွေးတွေကို လွမ်းမိုးမှုရှိတယ်။
တရုတ်တောင် တရုတ်စကားပဲပြောတဲ့တရုတ်နဲ့
တရုတ်နဲ့ အင်္ဂလိပ်လိုပြောတဲ့တရုတ်
စဥ်းစားတဲ့ပုံစံ ကွာတယ်လို့မြင်တယ်။
စဥ်းစားနည်းတိုးတက်ဖို့
ဖြစ်နိုင်ရင် ဘာသာစကားတစ်ခုထက်
ပိုတတ်ထားရင် ပိုကောင်းနိုင်တယ်။
မတူညီတဲ့ ဘာသာစကားနဲ့
ပြောင်းစဥ်းစားကြည့်။
မတူညီတဲ့ အထင်အမြင် perception တွေ
မြင်ရလိမ့်မယ်။
စွန့်ဦးတီထွင်
Entrepreneurship
创业精神 ဒီစကားတစ်ခုကိုပဲ
မတူညီတဲ့ ယဥ်ကျေးမှု၊ ဘာသာစကားနဲ့
ထင်မြင်ကြည့် တူမလိုလိုနဲ့ နည်းနည်းကွာတယ်။
Phyo Paing @ Derek