တစ်နှစ်၊ နှစ်နှစ်အတွက်
အလုပ်လုပ်နေတာမဟုတ်ဘူး။
နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်အတွက်
အလုပ်လုပ်နေတာ။
တစ်နေ့နေ့ တစ်ချိန်ချိန်ပြန်တွေ့တဲ့အခါ
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့။
ဒါကြောင့် စိတ်ရှည်တယ်။
အလုပ်ကို မြန်မြန်အကောင်အထည်ဖော်တယ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေဘူး။
ဘဝကို ပြောင်မနေဘူး။
လူတွေကို လောင်မနေဘူး။
ဘေးထိုင်ဘုမပြောဘူး။
ရည်မှန်းချက်တွေလျော့ပြီး
ရောင့်ရဲမနေဘူး။
ဖြစ်ချင်တာ ဖြစ်လာဖို့
နည်းလမ်းတွေရှာလိုက်၊
မှားလိုက်၊ သင်ခန်းစာယူလိုက်၊
လဲကျလိုက်၊ ပြန်ထလိုက်
ရှေ့ဆက်နေတယ်။
ဘဝဆိုတာ ခဏပဲ။
ဒီခဏက ကိုယ်နဲ့ထိုက်တန်တဲ့ဘဝဖြစ်ဖို့လိုတယ်။
Phyo Paing @ Derek