Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝဆိုတာ ဂိမ်းတစ်ခုပဲ။


အခက်အခဲတွေ၊ ပြဿနာတွေ၊
စိန်ခေါ်မှုတွေကြားက
ရှင်သန်မှု၊ တိုးတက်မှု၊
ဝမ်းနည်း၊ ကြေကွဲ၊
ကြည်နူး၊ ဂုဏ်ယူ၊ ပျော်ရွင်မှု၊
တွေဖြစ်လာတယ်။

မွေးကတည်းက မပြီးနိုင်တဲ့
စာမေးပွဲတွေ ဖြေနေရတယ်။
အထက်တန်းစာမေးပွဲကို
မူလတန်းအတွေးအခေါ်နဲ့
ဖြေလို့ မရသလို
ဒီနေ့ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကို
မနေ့က အတွေးအခေါ်နဲ့ လမ်းဟောင်းနဲ့
ဖြေရှင်းလို့ ရချင်မှရလိမ့်မယ်။

လောကအမြင်ပြောင်းဖို့
ခေါင်းထဲရှိတဲ့ ပုံပြင်တွေ ပြောင်းဖို့လိုတယ်။

ဘဝဆိုတာ ဒုက္ခဆိုတဲ့ အတွေးအခေါ်ကို
ဘဝဆိုတာ ဂိမ်းတစ်ခုလို့သတ်မှတ်ထားတယ်။
အလုပ်ဆိုတာ ငွေရှာဖို့ဆိုတာထက်
အလုပ်ဆိုတာ ကိုယ့်ဘဝတိုးတက်ဖို့လို့
သတ်မှတ်ထားတယ်။
စီးပွားရေးဆိုတာ ငွေရှာဖို့လို့ သတ်မှတ်ထားကြပေမယ့်
စီးပွားရေးဆိုတာ လူတွေကို ကူညီဖို့လို့သတ်မှတ်ထားတယ်။

ပြဿနာဆိုတဲ့ စကားလုံးကို
စိန်ခေါ်မှုလို့ ပြောင်းထားတယ်။

လိုချင်တဲ့အရာမရခဲ့ရင်
ပိုကောင်းတာ ရလာလိမ့်မယ်လို့
မျက်စိမှိတ်ယုံကြည်ထားတယ်။

တစ်ခုခု အဆိုးကြုံလာတိုင်း
အရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့
ယုံကြည်ပြီးသားဖြစ်တဲ့အတွက်
လောကဓံကို ပိုပြီးခံနိုင်ရည်ရှိလာတယ်။

လူတွေအပေါ်မှာ မျှော်မှန်းချက်တွေထားပြီး
သောကတွေများနေတဲ့ ဘဝအစား
ကိုယ့်ကိုကိုယ်အပေါ် မျှော်မှန်းချက်တွေထားပြီး
အကောင်ထည်ဖော်ဖြစ်လာတယ်။

Phyo Paing @ Derek

Share Your Idea!​