လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကပေါ့။
မှတ်မှတ်ရရ HIV လူနာကို ဆေးသွင်းပေးနေရင်း
အိုင်ဒီယာ တစ်ခုရလာတယ်။
ဆေးရုံမှာ အလုပ်သင်ဆရာဝန်လုပ်တဲ့အချိန်တုန်းကပေါ့။
အိုင်ဒီယာကတော့
တရုတ်က ဒီ စာဖတ်တဲ့ Linux tablet တွေများများမှာပြီး
ရောင်းဖို့လုပ်တယ်။
2011 ဆိုတော့ ဖေ့ဘုတ်သုံးတဲ့လူက
အရမ်းမများသေးဘူး။
ဆေးကျောင်းတစ်လျှောက် ဂိုက်သင်လိုက်၊
တရုတ်က ဘွန်စိုင်းအပင်တွေ
သူငယ်ချင်းနဲ့ပေါင်းတင်သွင်းလိုက်။
ရတဲ့ငွေ စုကြေးစုလိုက်။
အတိုးချေးလိုက် အလိမ်ခံလိုက်ရကနေ
စုထားတဲ့ ငွေနဲ့ Mebook ဆိုပြီး ကစ်ပလိုက်တယ်။
ပစ္စည်းတွေ မရောင်းရ၊
consignment တွေတင်၊
ငွေခေါင်းတွေကွဲ၊
အပြတ်ပြတ်နဲ့ နာခေါင်းသွေးထွက်ခဲ့တယ်။
တော်တော်လေး တင်းသွားတယ်။
လူတွေ လိုအပ်နေပြီး
မလိုအပ်ဘူးထင်တဲ့
ကုန်ပစ္စည်းကို လူတွေလိုအပ်တယ်၊
ဝယ်အောင် ဘယ်လိုလုပ်မလဲ အဖြေရှာတယ်။
UK နောက်ဆုံးနှစ်နဲ့ညီတဲ့
စီးပွားရေး diploma ကို ခတ်တည်တည်နဲ့
ဝင်တက်ပြီး လေးလလောက်
အိမ်တွင်းအောင်း ရှယ်ဝုန်းလိုက်တယ်။
Part-time စာပြန်သင်တယ်။
နိုင်ငံတကာဆေးကုမ္ပဏီမှာလုပ်တယ်။
နောက် MBA တက်တယ်။
အဖြေက မရလာဘူး။
နောက်ပိုင်းတော့ အဖြေတစ်ခုရလာတယ်။
ကိုယ်ရောင်းသမျှဝယ်အောင်လုပ်တဲ့
“မားကတ်တင်း စနစ်” တစ်ခု တွေ့လာတယ်။
ကိုယ့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့
မားကတ်တင်းစနစ်တစ်ခုကို
ကျင့်သုံးလာတာဆိုရင်
ဆယ်စုနှစ်တစ်ခု ရှိလို့လာပြီ။
ပြဿနာတစ်ခုကို အဖြေရှာရင်
ရလဒ်ကတော့ ရတာပဲမဟုတ်လား။
ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။
မအောင်မြင်တဲ့ စမ်းသပ်မှုကို
အပေတေလုပ် ဘာကြောင့်ထိုင်ငိုနေမလဲ။
သင်ခန်းစာယူ Move On လုပ်ရမယ်။
ဒါမှ နောက်စမ်းသပ်မှုတွေက
အောင်မြင်မှာ မဟုတ်လား။
Phyo Paing @ Derek