သံသရာက မတူညီတဲ့ကံကြမ္မာတွေနဲ့
လူတွေကို အကဲစမ်းလိမ့်မယ်။
ဒါကြောင့် ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။
ကိုယ်ကို သံသရာက
ပြဿနာ ပုစ္ဆာတွေ တစ်ခုပြီးတစ်ခု
ပေးပြီး စမ်းတယ်။
ဒီလိုစမ်းလို့ရအောင်လဲ
အဝိဇ္ဇာနဲ့ တဏှာ ကို မွေးကတည်းက
ဘဝ Operating System မှာ
တခါတည်း ကြိုတင်တပ်ဆင် preinstalled
လုပ်ပေးထားတယ်။
ဒီ preinstalled လုပ်ထားတဲ့
အဝိဇ္ဇာနဲ့ တဏှာကို ဖယ်နိုင်ရင်
သံသရာက ရန်ရှာတာတွေ၊
အဖန်တရာပြဿနာနဲ့စမ်းသပ်တာတွေ
ကုန်သွားနိုင်တယ်။
ကိုယ်တိုင်က preinstalled လုပ်ထားတဲ့
အဝိဇ္ဇာနဲ့ တဏှာကို မဖယ်နိုင်သေးရင်
သတိလေးကပ် note လေးမှတ်ပြီး
တရားလဲထိုင်၊ bar လဲထိုင်ပေမယ့်
ငါတို့ကို သံသရာက စမ်းနေတာဆိုတဲ့အသိနဲ့
ဘဝ သင်ခန်းစာတွေ ယူရမှာပဲ။
Phyo Paing @ Derek