Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။

ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။
ရေစီးဆင်းနေဖို့အတွက်
ခဲတွေ၊ အတားအဆီးတွေ ဖြတ်ကျော်ရနိုင်မယ်။
တစ်လမ်းပိတ်ရင် နောက်တစ်လမ်းကသွားရနိုင်တယ်။

ဘဝရှိရင် ဒုက္ခရှိတာဖြစ်တဲ့အတွက်
ဝေဒနာတွေ မပြင်းထန်အောင်
ဒေတာတွေရဲ့ အကူအညီယူပြီး
ဒေသနာ တွေနဲ့ အညီ ဘဝကိုဖြတ်သန်းပြီး
ဒုက္ခမရှိတဲ့ ဘဝထက်
ဒုက္ခကို ကျော်လွှားမည့်ဘဝ
ပြင်ဆင်တာက ပိုလက်တွေ့ကျနိုင်တယ်။

တစ်ဒုက္ခပြီး တစ်ဒုက္ခကတော့လာမှာပဲ။
ဒုက္ခနဲ့ ပျော်နိုင်ဖို့လိုတာပဲ။
ဒုက္ခမရှိမှာ ပျော်မယ်ဆို
ပျော်ဖို့ အချိန်တောင်ရှိချင်မှ ရှိမယ်။

ဒုက္ခကြားမှာ ပျော်ဖို့အတွက်
၁။ Reframing အမြင်ပြောင်းပညာ
၂။ Fallacy in logic စဥ်းစားမှုတွေထဲက အမှားတွေရှာဖွေနိုင်စွမ်း
၃။ Flexibility ညင်ညင်သာသာ အမြင်ပြောင်းနိုင်စွမ်း
၄။ Self-awareness သတိ
၅။ Self-acceptance ကိုယ့်ကိုယ်ကို လက်ခံနိုင်မှု လိုမယ်လို့ထင်တယ်။

Phyo Paing @ Derek

Share Your Idea!​