အိမ်မှာ သုံးမရတဲ့ ၇၅ ကျပ်တန်တွေတွေ့တော့
အဖွားကို ငယ်ငယ်ကမေးခဲ့ဖူးတယ်။
မျက်ရည်ဝဲဝဲနဲ့ ဖြေရှာတယ်။
ဒုက္ခဆိုတာ ဒီနေ့ခေတ်မှကြုံတာမဟုတ်ဘူး။
ဦးနေဝင်းလုပ်လို့ နောက်နေ့မနက်
ပြည်သူပိုင် သိမ်းခံရလို့
ရူးမတတ်ဖြစ်ပြီး ရပ်သွားတဲ့သူတွေရှိသလို
သင်ခန်းစာယူ အသစ်ပြန်စ
နေရာတစ်ခု အခြေချသူတွေရှိတယ်။
ဘဝဆိုတာ ဒုက္ခသစ္စာနဲ့ ကင်းလို့်မရတဲ့
အတွက် ပြဿနာတိုင်းအောက်မှာ
မြုပ်ခံမလား၊
ပြဿနာတွေကို အားယူ
လှေကားထစ်လုပ် ပြန်တက်မလား။
2022 ရဲ့ goal က limitless stoic
တစ်ယောက် ဖြစ်လာဖို့ဖြစ်တဲ့အတွက်
ဒုတ်ပြီးဓားပြီးဖြစ်သလို
စိတ်ညစ်စရာ BS တွေ proof ဖြစ်ဖို့
နေ့စဉ် ကိုယ့်ကိုကိုယ်
Mentally, Physically လေ့ကျင့်နေတယ်။
2030 လောက်အတွက်ပဲ
စဉ်းစားထားလိုက်တယ်။
Phyo Paing @ Derek