ဘဝဆိုတာ အစဥ်ဖြစ်ပျက်ပြောင်းလဲနေတဲ့
“ဖြစ်စဥ်” တစ်ခုဆို မဟုတ်လား။
ဒါကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာပဲ
“ရပ်” ပြီး စိတ်ပျက်အားငယ်၊
ရယ်မော သဘောကျနေရုံနဲ့မရဘူး။
အစဥ်ဖြစ်နေတဲ့ အပြောင်းအလဲကြားမှာ
တစ်ကြောင်းဆွဲ အတွေးအခေါ်နဲ့
ဖြတ်သန်း နေလို့တိုးတက်မလာနိုင်ဘူး။
မျက်စိဖွင့်၊ နားစွင့်ပြီး မတွေးခေါ်ဖူးတာ၊
မစဥ်းစားဖူးတဲ့ နည်းတွေနဲ့
အဖြေရှာမှ နည်းလမ်းအသစ်တွေ
တွေ့မှာ မဟုတ်လား။
Phyo Paing @ Derek