Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။

ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။
ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။

ဘာရလဒ်ရချင်လဲဆိုတာ
ပညာနဲ့ဆိုင်ပြီး၊
ဘယ်လိုရွေးချယ်မှုတွေပြုလုပ်ရမလဲဆိုတာ
ဥာဏ်နဲ့ဆိုင်တယ်။

ကျွန်တော်ကတော့ ဒီဘဝမှာ
အချုပ်အနှောင်ကင်းကင်းနဲ့
ဘဝမှာ လေ့လာချင်တာကိုလေ့လာပြီး၊
ကမ္ဘာကြီးရဲ့ ကိုယ်ကြိုက်တဲ့ဘယ်နေရာမှာမဆို
အခြေချနိုင်တဲ့သူဖြစ်ချင်တယ်။
ဘဝရဲ့ဖြတ်သန်းမှုတွေကို
မှတ်တမ်းတစ်ခုတင်ခဲ့ချင်တယ်။

စွန့်ဦးတီထွင်တစ်ယောက်၊
စွန်းဆောင်ရည်မြင့်၊
ဥာဏ်ရည်မြင့်တဲ့
ကိုယ်လုပ်တဲ့အလုပ်မှာ
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူတစ်ယောက်
နှစ်အလိုက်  မတူညီတဲ့အတွေ့အကြုံတွေကို
စုစည်းသူတစ်ယောက်အဖြစ်
ဘဝကြီးကို အသက်မွေးချင်တယ်။
သမာအာဇီဝနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့
ဝင်ငွေတွေအများကြီးရှာချင်တယ်။

နောက် သဘာဝတရားရဲ့ဖြစ်တည်မှုကိုသိပြီး
သံသရာက လွတ်မြောက်ချင်တယ်။

ဘဝရဲ့ရွေးချယ်မှုအနေနဲ့
အရင်းနှီးဆုံးသူ၊
နေတဲ့နေရာ၊
လုပ်တဲ့အလုပ်၊
ပေါင်းသင်းတဲ့အပေါင်းအသင်း၊
ကျင်လည်မည့်စျေးကွက်၊
နေ့စဥ်ဘဝဖြတ်သန်းမည့်ပုံစံ၊
နှစ်အလိုက်ဖြတ်သန်းမည့်ပုံစံ၊
ဆယ်စုနှစ်တစ်ခုအလိုက်ဖြတ်သန်းမည့်အကြမ်းပုံစံကို
စဥ်းစားကြံဆရပြန်တယ်။

ဘဝဆိုတာ လိုချင်တဲ့ရလဒ်အတွက်
နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ်
ရွေးချယ်မှုကောင်းတွေကို
ပြုလုပ်ရတဲ့နေရာတစ်ခုလို့စဥ်းစားမိတယ်။
အထူးသဖြင့် နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေသွားချင်ရင်ပေါ့။

Phyo Paing @ Derek

Share Your Idea!​