တချို့အတွက် အသုံးဝင်မလားတော့မသိဘူး။
ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တိုင်းကို
အဖြေရှာရမည့် ပုစ္ဆာတွေလိုစဥ်းစားကြည့်။
ပုစ္ဆာကို နားလည်အောင်လုပ်။
ပေးထားချက်ကို ရှာ။
မလုံလောက်သေးရင် သုတေသနလုပ်
သတင်းအချက်လိုက်ရှာ။
သုံးသပ်ကြည့်။
ပြီးရင် အဖြေရှာကြည့်။
အဖြေမရသေးရင် သင်ခန်းစာယူ။
နောက်တစ်နည်းနဲ့ တွက်ကြည့်။
ဘဝဆိုတာ အငြိမ်မနေရတဲ့
ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုနဲ့
အဖြေရှာရတဲ့ နေရာတစ်ခုဖြစ်နေနိုင်တယ်။
ကျန်းမာရေး ပုစ္ဆာ၊
ကြံ့ခိုင်ရေး ပုစ္ဆာ၊
အလုပ်အကိုင်၊ ငွေကြေး၊
အချစ်ရေး၊ မိသားစု၊
သားရေးသမီးရေး၊
စိတ်ငြိမ်းချမ်းမှုနဲ့ ဘာသာတရား၊
လူသားအကျိုးပြုမှု၊
ဘဝကျေနပ်မှု ပုစ္ဆာတွေ။
ဘယ်လောက်ချမ်းသာသာ၊
ဘယ်လောက် ပညာတတ်တတ်၊
သူနဲ့ ကိုက်ညီတဲ့ ဖြေရှင်းရမည့်ပုစ္ဆာတွေရှိတတ်တယ်။
ဒါကို အထာကျကျ ဖြေရှင်းသူနဲ့
ဆောက်တည်ရာမရ ဖြေရှင်းသူ၊
ရှောင်ပြေးသူ သုံးမျိုး အကြမ်းဖျင်းကြည့်လို့ရတယ်။
ပုစ္ဆာတွေကို အထာကျကျ
ဖြေရှင်းကြရအောင် အားတီ၊ အားမေတို့။
Phyo Paing @ Derek