လူသားဖြစ်တဲ့ အတွေ့အကြုံကို
အပြည့်အဝ ယူနိုင်ဖို့လိုတယ်လို့ထင်တယ်။
ခန္ဓာကိုယ်အထိအတွေ့ အာရုံငါးပါးကြောင့်
သာယာမှု။
လိုချင်တာရလိုက်တဲ့အတွက်
ပျော်ရွင်မှု။
မထင်မှတ်ထားပဲ
အံ့အားသင့်စေတဲ့အရာကြောင့်ဖြစ်တဲ့
ပီတိ။
အာရုံကို အာဏာကုန်
တစ်ခုတည်းမှာပဲ စိုက်ထားနိုင်တဲ့
သမာဓိ။
စိတ်ကို မပျံ့လွင့်ပဲ ခန္ဓာကိုယ်ရဲ့
လုပ်ရှားမှုတိုင်း အဖြစ်အပျက်တိုင်းကို
သိနေတဲ့ သတိပဋ္ဌာန်။
စာချင်တာစား၊ သွားချင်တာသွားပြီး
အာရုံငါးပါးကိုလှုံ့ဆော်ပြီး
တဒင်္ဂကောင်းမွန်မှုဟာ
သာယာမှုအတွေ့အကြုံ။
လိုချင်တာတွေရအောင်လုပ်တာ
ပျော်ရွင်မှု။
ရထားတာတွေ ပြန်လိုချင်အောင်
တင်းတိမ်အောင်လုပ်တာ
စိတ်ပြီးပြည့်စုံချင်မှု။
ကိုယ်ကြိုးစား အားထုတ်မှု၊ လုပ်ရပ်ကြောင့်
မထင်မှတ်ထားတဲ့ ရလဒ်၊ အကြောင်းဖြစ်တဲ့အခါ
ခံစားရတဲ့ ပီတိ။
အလုပ်ကို စျာန်ဝင်ပြီးလုပ်နိုင်တာ၊
တစ်ခုတည်းအာရုံစိုက် လုပ်ဆောင်တဲ့အခါ
သမာဓိ။
အမြဲ အိမ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးက
တခြားနေရာတွေကို အလည်သွားနေတဲ့
စိတ်ကို အိမ်ကိုပြန်ခေါ်ပြီး
သတိနဲ့ အဖြစ်အပျက်တွေကိုရှုနိုင်တာ
သတိပဋ္ဌာန်။
ကိုယ့်အနေနဲ့ လူဖြစ်တုန်း
လူသားအတွေ့အကြုံကို
အပြည့်ခံစားသွားဖို့ လိုတယ်လို့ထင်တယ်။
Phyo Paing @ Derek