ဘဝဆိုတာ ခဏလေးပါပဲ။
လွန်ခဲ့တဲ့ဆယ်နှစ်၊
ဆယ့်ငါးနှစ်က ပုံတွေ
ပြန်တက်လာရင်
ဘဝဆိုတာ ပုံပြင်တစ်ပုဒ်လိုပဲ။
လိုချင်တာဖြစ်ဖို့
ဆန္ဒလိုတယ်။
ဝီရိယလိုတယ်။
အဓိဋ္ဌာန်လိုတယ်။
လောဘနဲ့ ဆန္ဒနဲ့မတူဘူး။
ဆန္ဒက တက်ကြွမှုကိုဖြစ်စေတယ်။
လောဘက ပူလောင်မှုကိုဖြစ်စေတယ်။
ဆန္ဒဆိုတာ ရည်ရွယ်ချက်ရှိတယ်။
အားထုတ်မှုရှိတယ်။
ပကိဏ္ဏကစေတသိက် (၆) ပါးထဲပါတယ်။
လောဘဆိုတာ
ကိုယ်နဲ့မထိုက်တာကို လိုချင်တာ။
ကိုယ်နဲ့ထိုက်တန်တာထက်
ပိုလိုချင်တာ။
မတော်လောဘ။
အကုသလစေတသိက် (၁၄) ပါးထဲပါတယ်။
လောကီဘဝမှာအေးချမ်းချင်ရင်
အဘိဓမ္မာသာလေ့လာ။
နောက်ကျင့်ကြံနေထိုင်။
စိတ်အကြောင်းနားလည်ရင်
ဘဝကို အထာကျကျ
နေလို့ရလာမယ်။
Phyo Paing @ Derek