ဗုဒ္ဓအဆုံးအမကို
တဖြည်းဖြည်းနဲ့
အကုန်လိုက်နာနိုင်အောင်
ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတော့
ဘဝမှာ ကိုယ့်ကို ကယ်တင်တဲ့
ကယ်တင်ရှင် ရှာလို့မရဘူးလို့
ယူဆထားတယ်။
ဒါကြောင့် အရာရာကို
Do-it-yourself ကိုယ်ထူကိုယ်ထ
ဒီဘဝလို့ကြည့်လိုက်တယ်။
ကျန်းမာကြံ့ခိုင်ချင်တယ်။
ထိုင်ဆုတောင်းနေလို့
ဗလတွေ ထွက်မလာဘူး။
အလုပ်၊ စီးပွား၊ ငွေကြေးအတွက်
အလုပ်မလုပ်ဘဲ
ထိုင်တွေး manifest လုပ်တိုင်း
ချမ်းသာမယ်ဆို
လူတိုင်းချမ်းသာပြီး
ကမ္ဘာဖလားရချင်တဲ့ အသင်းတိုင်း
ကမ္ဘာ့ဖလားရသွားကြလိမ့်မယ်။
အချစ်ရေး၊ တိုးတက်ရေး
အကုန်အလားတူပဲ။
ဘဝဆိုတာ ကိုယ်ထူကိုယ်ထ
DIY ပဲ။
အရင်ဗုဒ္ဓခေတ်က ပညာတတ်တွေက
သက္ကတ(Sanskrit) ဘာသာကိုသုံးတယ်။
သာမန်လူအများစု
ပညာမတတ်သူတွေအပါ
ပါဠိ ကိုသုံးတယ်။
ဒါကြောင့် ဗုဒ္ဓက ပါဠိလို
“အတ္တာဟိ အတ္တနော နာထော” ဆိုခဲ့တယ်။
“မိမိကိုယ်သာ မိမိကိုးကွယ်ရာ”တဲ့။
မိမိရဲ့ကျင့်ကြံအားထုတ်မှုကသာ
မိမိအတွက် အစစ်အမှန် အထောက်အကူဖြစ်စေတယ်။
ကိုယ့်ဘဝတိုးတက်ရေးအတွက်
သူတစ်ပါးကိုပဲ အားကိုးမနေဘဲ ကိုယ်တိုင်ကြိုးစားရမယ်။
မိမိကိုယ်ကို မိမိယုံကြည်မှုရှိရမယ်၊
တာဝန်ယူတတ်ရမယ်လို့ဆိုခဲ့တယ်။
ဘဝဆိုတာ DIY လို့
ခံယူထားတယ်။
Phyo Paing @ Derek