ကံကောင်းလွန်းရင် အသက် ၁၀၀ နေရမယ်။
အသက် ၈၀ လောက်ဆို အိုမင်းယိုယွင်းပြီ။
ဒါသေချာ ကျန်းမာရေးဂရုစိုက်မှ။
မဟုတ်ရင် ဒီထက်စောမယ်။
ကိုယ်က ၃၅၊ ၄၀ ဆို
နောက် အနှစ် ၄၀ လောက်တော့
ကျန်းမာရေး သေချာဂရုစိုက်ရင်
ဘဝကို ကောင်းကောင်းဖြတ်သန်းလို့ရအုံးမယ်။
လူအများစုအသက်ကြီးတဲ့အခါ
နောင်တအရဆုံး အရာတစ်ခုက
ကိုယ့်ဘဝရဲ့ ဘဝလက်တွဲဖော်ကို
သေချာမရွေးချယ်ပဲ ဆုံးဖြတ်ချက်ချခဲ့တာတဲ့။
ဒုတိယအချက်က
မိသားစု ပြဿနာတွေကို
သေချာငြိနှိုင်းဆွေးနွေးမှု မပြုတာတဲ့။
တတိယအချက်က
ကျန်းမာရေးကိုလျစ်လျူရှုတာ။
စတုတ္ထအချက်က
စိတ်ဖိဆီးမှုတွေများပြီး
ဘဝကို မပျော်နိုင်တာ။
နံပတ်ငါးအချက်က
အခွင့်အလမ်းတွေကို လက်လွတ်ပြီး
သေချာ အသုံးချခွင့်မရတာ။
အဲ့ဒါကို သိတဲ့အချိန်
ကိုယ်က ငါးခု စလုံးလုပ်နေတာတွေ့တော့
တစ်ခုချင်းပြန်ပြင်ဖို့ ကြိုးစားရတယ်။
ကိုယ်သွားနေတဲ့ ဘဝလမ်းကြောင်းမှားနေရင်
ပြင်လို့ရတယ်လို့ အမြဲယုံကြည်ထားတယ်။
ဒါကတော့ ပြည်တွင်းအတွေးအခေါ်တွေနဲ့
တော်တော်လေး ကွာကောင်းကွာမယ်။
ဘဝဆိုတာ နှစ် ၁၀၀ Project Management ပဲ။
ဘယ်လိုမွေးမလဲ၊ ဘယ်လိုသေမလဲ
ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်မရှိပေမယ့်
ဘယ်လို နေမလဲဆိုတာကတော့
ဥာဏ်ရှိသလောက် ရွေးချယ်လို့ရနိုင်တယ်။
Phyo Paing @ Derek