Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝတက္ကသိုလ်မှာ ဘာသာရပ် ၇ ခုရှိတယ်။

၁။ ကျန်းမာကြံ့ခိုင်ရေး၊
၂။ အလုပ်အကိုင် စီးပွါး၊
၃။ ငွေကြေးဓန၊
၄။ အချစ်အိမ်ထောင် မိသားစုရေး၊
၅။ ပေါင်းသင်းဆက်ဆံရေး၊
၆။ ဘဝတိုးတက်ရေး၊
၇။ စိတ်ငြိမ်းချမ်းရေး။

တစ်ဘာသာကျနေရင်
ဘဝစာမေးပွဲကျတတ်တယ်။
ဘဝစာမေးပွဲကျရင်
လူဖြစ်တဲ့ အရေအသွေးကျတယ်။

ကံကောင်းတဲ့အချက်တစ်ခုက
စာမေးပွဲကျရင် မအောင်မချင်း
ပြန်ဖြေလို့ရတယ်။

တချို့က ဘဝတက္ကသိုလ်မှာ
အောင်မှတ်ရတယ်။
တချို့က ဘာသာရပ်တစ်ခုမှာ
ထူးချွန်ပြီး
တချို့ဘာသာရပ်မှာ
စာမေးပွဲကျနေတယ်။
တချို့က ဘာသာရပ်တိုင်းမှာ
ဂုဏ်ထူးထွက်နေတယ်။

ဘဝတက္ကသိုလ်မှာ အချိန်အလိုက်
အမှတ်တွေမတူကြဘူး။
အရေးကြီးတာ အောင်မှတ်တွေကိုတော့
အနည်းဆုံး ထိန်းထားနိုင်ဖို့ပဲ။

Phyo Paing @ Derek

Share Your Idea!​