ဗုဒ္ဓဘာသာကို ဘဝရဲ့
အခြေခံ အုတ်မြစ်
လည်ပစ်နေတဲ့ operating system
တစ်ခု အနေနဲ့ ဘယ်လိုသုံးမလဲ။
အသက်ရှင်တုန်း နေပျော်ဖို့
ဘဝကို အဓိပ္ပာယ်ဖွင့်ဖို့လိုတယ်။
ဘဝဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို
အဖြေရှာနိုင်ဖို့
လူတွေက နည်းပြောင်းမျိုးစုံနဲ့ချဥ်းကပ်တယ်။
တချို့က သိပ္ပံ၊
တချို့က ဖလော်ဆော်ဖီ၊
တချို့က ဘာသာတရား။
ဗုဒ္ဓအရ
ဘဝဆိုတာ သံသရာခရီးရဲ့
တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။
အမြဲမပျက်ပြောင်းလဲနေပြီး
ဘယ်အရာမှ မမြဲပဲ
ယာယီသာဖြစ်ပြီး
ဒီသဘောတရားကို
အနိစ္စလို့ခေါ်တယ်။
ဘဝမှာ ပျော်စရာတွေပဲရှိတာမဟုတ်ဘူး။
ဆင်းရဲဒုက္ခ၊ စိတ်ပူပင်မှုတွေ ရှိနေပါတယ်။
ဒါဟာ တဏှာ (တပ်မက်မှု)၊
ဒေါသ (အမျက်ဒေါသ)၊
မောဟ (အဝိဇ္ဇာ) တို့ကြောင့်
ဒုက္ခဆိုတာ ဖြစ်လာတယ်။
အမြဲတည်မြဲတဲ့ ကိုယ်ပိုင်အတ္တဆိုတာ မရှိပါဘူး။
အနတ္တ လို့ခေါ်တယ်။
ဒီသုံးခုကို နားလည်သွားတဲ့အခါ
ဘဝမှာ အလွန်အမင်း
ဖက်တွယ်ထားတဲ့အရာတွေ၊
အလွန်အကျူး တပ်မက်မှုတွေ၊
တစ်ဖက်စွန်းရောက်မှုတွေကို
ကျော်လွှားလာနိုင်တယ်။
ဘဝမှာ ဒုက္ခတွေကို
ဒူပေဒါပေခံလာတယ်။
ဘာပဲဖြစ်ဖြစ်
ဘဝဆိုတာ ရက်ပေါင်း ၃၀၀၀၀ လောက်
အသက်လာရှင်တဲ့
သံသရာတစ်ကွေ့ဆိုတာ သိလာတယ်။
သံသရာမှာ
ကိုယ်လုပ်ခဲ့သမျှ ပြန်လည်ရန်မရှာဖို့
ဒီဘဝကို သန့်သန့်ရှင်းရှင်း
ဖြတ်သန်းနိုင်တယ်ဆိုရင်
ဒီဘဝ လူဖြစ်ရကျိုးနပ်ပါပြီ။
လူတွေက မွေးရာမှာ
ကံတရားပေးထားချက်မတူဘူး၊
ရုပ်ရည်၊ ဥာဏ်ရည်၊ မိသားစုအသိုင်းအဝိုင်း
အရာရာမတူကျဘူး။
ဒါကလဲ ဒီဘဝတစ်ကွေ့
အလွန်ဆုံး ရက် ၃၀၀၀၀ စာပဲ။
Phyo Paing @ Derek