Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။

အသက် ၈၀ အထိနေရမယ်ဆိုရင်
ရက်ပေါင်း ၂၉၂၀၀ နေရမယ်။
အသက် ၂၀ ဆို ရက်ပေါင်း ၇၅၀၀ ကုန်ပြီ။
အသက် ၂၅ ဆို ရက်ပေါင်း ၉၁၂၅ ကုန်ပြီ။
အသက် ၃၀ ဆို ရက်ပေါင်း ၁၀၉၅၀ ကုန်ပြီ။
အသက် ၃၅ ဆို ရက်ပေါင်း ၁၂၇၅၅ ကုန်ပြီ။
အသက် ၄၀ ဆို ရက်ပေါင်း ၁၄၆၀၀ ကုန်ပြီ။

ရက်ပေါင်း ၁၀၀၀၀ လောက်က
ကျောင်းတက်လိုက်၊ အလုပ်ရှာလိုက်၊
အသည်းကွဲလိုက်၊ တိုင်ပတ်လိုက်နဲ့
ဘဝဆိုတဲ့ သဘောတရားနားလည်ဖို့
သင်ယူတဲ့ အချိန်ကာလလို့ဆိုလို့ရတယ်။

ရက်ပေါင်း ၁၀၀၀၀ ကျော်ပြန်တော့
အိမ်ထောင်ကျ၊ သားမွေးဖြစ်ပြန်တော့
တာဝန်အသစ်တွေနဲ့
သားကျွေးမှု၊ မယားကျွေးမှုနဲ့
ဘဝရဲ့လတ်ဆတ်တဲ့ ဟန်နီးမွန်းအချိန်နဲ့
ဘဝရဲ့ ဒီလိုပါပဲဆိုတဲ့ ငြီးငွေ့တဲ့အချိန်၊
ဘဝမှာ နေသားကျပြီးဖြတ်သန်းတဲ့အချိန်၊
ဘဝကို ကျင့်သားရတဲ့အချိန်တစ်ခုကို
ဖြတ်သန်းရကောင်းဖြတ်သန်းရနိုင်တယ်။

ကျန်ရှိနေတဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်
၂၀၀၀၀ လောက်နီးပါးကို
အဓိပ္ပာယ်ရှိရှိနေသွားဖို့
ဘဝကို ကြိုတင်ဒီဇိုင်းလုပ်ဖို့လိုတယ်။

ဒီဇိုင်း Design > ဒီဖော့ Default
တချို့လူတွေဘဝက မွေးကတည်းက
မအေးအေးဝင်းစီစဥ်သလို အဆင်ချောနေနိုင်တယ်။
တချို့လူတွေကျတော့ အဲ့လိုဖြစ်ချင်မှဖြစ်မယ်။
ကိုယ့်လိုချင်တာကို ကြိုးစားမှရတာမျိုးလဲဖြစ်ရင်ဖြစ်မယ်။

ဒါကြောင့် ကိုယ်လိုချင်တဲ့ ဘဝကိုနေထိုင်ဖို့
ဘဝကို သေချာ ဒီဇိုင်းလုပ်ထားဖို့လိုတယ်။
ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကဘာလဲ။
လွတ်လပ်မှုလား၊ လှုံခြုံမှုလား။
တိုးတက်မှု၊ ရင်ခုန်မှု၊ ပျော်ရွင်မှုလား။
နဖူးပေါ်လက်တင်ပြန်စဥ်းစားကြည့်ဖို့
လိုကောင်းလိုမယ်။

ဘဝတစ်ခုကို ဒီိဇိုင်းလုပ်တာ အချိန်ပေးရတယ်။
ပထမဆုံးဒီဇိုင်းလုပ်ရတာ ကျန်းမာရေး။
နောက် ဝင်ငွေနဲ့ အလုပ်အကိုင်။
ပြီးရင် အချစ်ရေးနဲ့ မိသားစု။
အပေါင်းအသင်းနဲ့ နေ့စဥ်ဖြတ်သန်းချင်တဲ့ပုံစံ။

ဒီလို Lifestyle design ဘဝကိုဒီဇိုင်းလုပ်မှ
လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့
ဘဝရဲ့ကျန်ရှိတဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်ကို
အနှစ်သာရအပြည့်နဲ့ နေသွားနိုင်မယ်လို့မြင်တယ်။

Phyo Paing @ Derek

Share Your Idea!​