သံသရာက မထွက်နိုင်သေးလို့
လူဆိုတာဖြစ်နေတာ။
ဒါကြောင့် လူတွေကို
အလုံးစုံယုံကြည်လို့မရဘူး။
လူ ဆိုတဲ့ ပုထုဇဉ်ဆိုတာ
“ပုထု” (များပြား) +
“ဇန” (ဖြစ်စေသော) ဆိုတဲ့
စကားလုံးနှစ်လုံး ပေါင်းထားတာ ဖြစ်ပါတယ်။
“များပြားသော ကိလေသာတို့ကို ဖြစ်ပွားစေသူ” လို့
အဓိပ္ပါယ်ရပါတယ်။
၁.၁။ လောဘ – တပ်မက်ခြင်း၊ လိုချင်တပ်မက်မှု
၁.၂။ ဒေါသ – အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း
၁.၃။ မောဟ – အသိဉာဏ်ကင်းမဲ့ခြင်း၊ တွေဝေခြင်း
၁.၄။ မာန – မာနထောင်လွှားခြင်း၊ မာနကြီးခြင်း
၁.၅။ ဒိဋ္ဌိ – မှားယွင်းသော အယူအဆများ
၁.၆။ ဝိစိကိစ္ဆာ – ယုံမှားသံသယဖြစ်ခြင်း
၁.၇။ ထိနမိဒ္ဓ – ထိုင်းမှိုင်းထိုင်းကျိုင်းခြင်း၊ ငိုက်မျဉ်းခြင်း
၁.၈။ ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်ခြင်း
၁.၉။ အဟိရိက – မကောင်းမှုပြုရန် မရှက်ခြင်း
၁.၁၀။ အနောတ္တပ္ပ – မကောင်းမှုပြုရန် မကြောက်ခြင်း
ဒီကိလေသာတွေ ရှိတဲ့လူအများနေတဲ့နေရာမှာ
“လောကကြီးကို တရားမျှတတယ်ထင်ရင်
လုံးဝမှားသွားလိမ့်မယ် အားတီ၊ အားမေတို့”။
ဘဝတစ်ခု သေချာတည်ဆောက်ဖို့
မှန်ကန်တဲ့အမြင် အတော်အရေးကြီးတယ်။
Phyo Paing @ Derek