ဘဝနေထိုင်မှု စီးပွားရေးမော်ဒယ်
စီးပွားရေးလုပ်နည်းတွေအများကြီးရှိတယ်။
အဲ့ထဲမှာ Lifestyle Business ဆိုတာလေးရှိတယ်။
ကိုယ်လုပ်ချင်တဲ့ အလုပ်ကို၊
လုပ်ချင်တဲ့ နေရာမှာ၊
လုပ်ချင်တဲ့သူနဲ့ လုပ်ပြီး
ကိုယ့်ဘဝ ဒီနေ့အတွက်၊
အနာဂတ်အတွက် ဝင်ငွေရလမ်းတွေ
တည်ဆောက်တဲ့ ပုံစံဖြစ်ပါတယ်။
သူကတော့ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်
ရှင်သန်တာမဟုတ်ပဲ၊
ကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ဖြစ်ဖို့
ဒီဇိုင်းလုပ်ပြီး စီးပွားရေးလုပ်တဲ့ပုံစံဖြစ်တယ်။
အလွတ်တန်းပညာရှင် freelancer ကတော့
သူ့တစ်ယောက်တည်းရဲ့ ဝန်ဆောင်မှုကိုရောင်းတာ။
Lifestyle Business မှာကျတော့
သူ့မှာ ဖန်တီးထားတဲ့ လုပ်ငန်းရှိတယ်။
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှိတယ်။
အလုပ်အကုန်လုံးကို တစ်ယောက်တည်းလုပ်စရာမလိုဘူး။
ဘယ်လုပ်ငန်းမဆို ကိုယ်လိုချင်တဲ့ပုံဖြစ်ဖို့
အချိန်တစ်ခုတော့ ပေးခဲ့ရတာပဲ။
လမ်းပြပေးမည့်သူရှိရင်တော့ ပိုမြန်တာပေါ့။
Lifestyle Business ဖန်တီးသူတစ်ယောက်အနေနဲ့
soul ကိုရောင်းတဲ့ အလုပ်တွေ မလုပ်ဘူး။
ဒီအလုပ်က ငါ့ကို ပျော်စေမလား။
ဒီအလုပ်က ငါ့ကို ပိုတော်စေမလား။
ဒီအလုပ်က ငါ့ကို ဒီနေ့အတွက် ဝင်ငွေရစေမလား။
ဒီအလုပ်က အနာဂတ်အတွက် ဝင်ငွေရစေမလား။
ဒီအချက်တွေ ပေါ်မူတည်ပြီး
လုပ်ငန်းကို ဒီဇိုင်းလုပ်သွားတာမျိုး။
ကိုယ့်နှလုံးသားနဲ့ ကိုက်တဲ့
စီးပွားရေးလုပ်တဲ့ပုံ မမှန်ရင်
အလုပ်လုပ်ရတာ အရသာရှိမှာမဟုတ်ဘူး။
ပျော်မှာလဲ မဟုတ်ဘူး။
တချို့က ပိုက်ဆံရှာတယ်။
ရှာတဲ့ ပိုက်ဆံနဲ့ ပျော်အောင်လုပ်တယ်။
တချို့က အလုပ်လုပ်တယ်။
ပျော်လဲပျော်တယ်။
ဒီနေ့အတွက် ဝင်ငွေလဲရတယ်။
အနာဂတ်အတွက် ဝင်ငွေလဲရတယ်။
The lifestyle business model is one among many ways to engage in commerce. It involves doing the work you want to do, in the place you want to do it, and with the people you choose, all while building income streams for today and the future.
This model isn’t about surviving for the sake of the business; rather, it’s designed so that the business serves you. It’s about creating and running a business in a way that aligns with your personal life goals and values.
Freelancers, for example, sell their individual services. In contrast, a lifestyle business owner creates a business that produces goods and services without needing their involvement in every aspect.
Every business requires time to shape it into what you want it to be. Having someone to guide you can accelerate this process.
A lifestyle business creator does not work jobs that “sell their soul.” They ask themselves:
Does this work make me happy?
Does it make me better?
Does it generate income for today?
Will it generate income for the future?
Based on these considerations, they design their business. If the business doesn’t resonate with their heart, working on it won’t be enjoyable or fulfilling.
Some seek to earn money and find happiness in what that money can buy. Others work jobs that bring them joy, provide income for today, and secure their future financially.
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay