ဖြစ်ချင်တာတွေဖြစ်ဖို့
မလုပ်ချင်တာတွေကို မျက်စိမှိတ်အံကြိတ်ပြီး
လုပ်ခဲ့တဲ့ ဘဝဖြတ်သန်းမှုအချိန်တစ်ခုရှိတယ်။
ဥပမာ စာမကျက်ချင်ပဲ
စာမေးပွဲအောင်ဖို့ စာကျက်ရတာမျိုး။
လုပ်ချင်တာတွေပဲလုပ်ပြီး
ဖြစ်ချင်တာ မဖြစ်တဲ့အချိန်။
ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီး
ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေမဖြစ်လာသေးတဲ့အချိန်။
လုပ်ချင်တာတွေပဲလုပ်ပြီး
ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်တဲ့
အချိန်တစ်ခုရှိတယ်။
ဥပမာ ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီး
ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေဖြစ်လာတာမျိုး။
ဖြစ်ချင်တယ်ဆိုတာ မရှိတော့ဘူး။
ဘဝကို “ပစ္စုပ္ပာန်” မှာပဲ အာရုံစိုက်
ငါရုံခြောက်ပါးကို သမာဓိရှိရှိနဲ့
ဖြတ်သန်းနိုင်တာမျိုး။
ဥပမာ ဆရာတော်တွေ၊
သီလ၊ သမ္မာဓိ၊ ပညာနဲ့ ပြည့်စုံပြီး
လောကုတ္တရာ အားထုတ်တဲ့ ပုဂ္ဂိုလ်တွေ။
Phyo Paing @ Derek