ဘဝမှာအရေးအကြီးဆုံးက
ကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။
ဒီနေ့ခေတ်လူတွေက
စိတ််မထားတတ်ရင်
ကျေနပ်တာတွေနည်းလာမယ်။
အဘိုး၊ အဖေခေတ်က
လူမှုကွန်ယက်မရှိတော့
ကိုယ်နဲ့အနီးတစ်ဝိုက်က
လူတွေအကြောင်းပဲသိတယ်။
ဒီနေ့ခေတ် လူမှုကွန်ယက်ခေတ်မှာ
နေရာစုံကလူတွေအကြောင်းသိတယ်။
လူတွေရဲ့ဦးနှောက်ရဲ့အလိုအလျောက်
လုပ်ဆောင်မှုမရ နှိုင်းယှဥ်တတ်ကြတယ်။
တချို့က နှိုင်းယှဥ်ကြည့်ပြီး
ငါဘာတွေ ထပ်လုပ်လို့ရသေးလဲသိလာတယ်။
တက်ကြွလာတယ်။
တချို့က နှိုင်းယှဥ်ကြည့်ပြီး
ငါ့ဘဝက ဘာမှလဲစိတ်ဝင်စားစရာမကောင်းဘူး။
အမြဲနောက်ကျနေတယ်လို့ခံစားရတယ်။
စိတ်ဓာတ်ကျလာတယ်။
အဓိကအချက်ကတော့
အခြေအနေတစ်ခုကို
ကိုယ်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊
ဘယ်လိုအသုံးချသလဲက
ဘဝအတွက် အင်မတန်အရေးကြီးတယ်။
Phyo Paing @ Derek