ဆယ်တန်းအောင်ဖို့စောင့်တယ်။
ဘွဲ့ရဖို့စောင့်တယ်။
အလုပ်ရဖို့စောင့်တယ်။
ရာထူးတိုးဖို့စောင့်တယ်။
လက်ထက်ဖို့စောင့်တယ်။
ကလေးမွေးဖို့စောင့်တယ်။
ကလေးတွေကြီးဖို့စောင့်တယ်။
အိမ်မက်တွေဖြစ်လာဖို့စောင့်တယ်။
ဘဝမှာ စောင့်နေတာနဲ့
နေဖို့ မေ့နေတတ်ကြတယ်။
လူလာဖြစ်တာ လူသားအတွေ့အကြုံကို
အသက်ရှင်ပြီး အသက်ဝင်ဖို့
ပစ္စုပ္ပန်လေးမှာ အသက်သတိလေးနဲ့ရှူပြီး
ရှင်သန်မှုအရသာ မကြာမကြာခံစားကြည့်ပါလား။
Phyo Paing @ Derek