Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက

ဘဝမှာ ပထမဆုံး
ဖြေရှင်းရတဲ့ အဓိကပြဿနာက
“ပျက်စီးနေတဲ့ ကိုယ့်ကိုကိုယ် ပြင်တာ”။

ဒေါသကြီးတာလျော့တာ။
စိတ်ခံစားမှုအရှိန်တက်မှုကို
မချုပ်ထိန်းနိုင်တာ။
အချိန်ဆွဲတာ။
တစ်ခုခုလုပ်တော့မယ်ဆို
ချိတုန်ချတုန်ဖြစ်တာ။

ဦးနှောက်က ဖြစ်ချင်သလောက်
မကောင်းတာ။
ပေါင်းသင်းဆက်ဆံရေးညံ့တာ။
လူတွေကို ကိုယ့်အတွေးအခေါ်
ကောင်းကောင်းမပြောပြနိုင်တာ။

ကျန်းမာကြံ့ခိုင်အောင်မနေပဲ
စားချင်တာ လျှောက်စား၊
လေ့ကျင့်ခန်းမလုပ်၊
စည်းကမ်းမရှိတာ။
လုပ်သင့်တာမလုပ်ပဲ
ရှောင်ဖယ်နေတတ်တာ။

တခြားသူတွေကို အားနေ
အပြစ်တင်ချင်နေတာ။
ကိုယ့်ကိုကိုယ် ပြင်ဖို့ခက်ပြီး
သူများကိုပဲ အပြစ်ရှာတတ်တာ။

ဒါကို ဖြေရှင်းပြီးသလောက်ဖြစ်အောင်
စိတ်ပညာနဲ့ တိုးတက်ရေး
တက်ကျမ်းပေါင်းစုံဖတ်ပြီး
ပြုပြင်ခဲ့တယ်။
Personal Development
အတိုင်းအတာတစ်ခုရောက်တော့
ကျန်းမာကြံ့ခိုင်လာတယ်။
ပေါင်းသင်းဆက်ဆံရေး၊
အချစ်ရေး၊ မိသားစုရေး
အဆင်ပြေလာတယ။

ဒုတိယဖြေရှင်းတဲ့ပြဿနာက
“တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု”မရှိတာ။
ဆေးကျာင်းနဲ့ဘွဲ့ရတယ်။
ဘယ်အပိုင်းအကျွမ်းကျင်ဆုံးလဲ
မေးတဲ့အခါ ကိုယ့်မှာမရှိဘူး။
စီးပွားစီမံပညာသင်တယ်။
နောက် အရောင်းသမားလဲလုပ်တယ်။
ဆိုင်လဲဖွင့်သလို၊
စာလဲသင်တယ်။
ဖုန်းဆိုင်နဲ့ အီလက်ထရောနစ်တွေလဲ
လုပ်တယ်။
ငယ်ငယ်တည်းက သီချင်းတိပ်ခွေတွေ
ရောင်းခဲ့ဖူးတော့။
ကိုယ့်ရဲ့ Professional Development အတွက်
ငါအဓိက လုပ်ဆောင်မှာ
ဘာတွေဖြစ်မလဲ စဥ်းစားကြည့်တယ်။
ကိုယ်လေ့လာခဲ့တဲ့နယ်ပယ်အစုံကိုပေါင်း
အရမ်းကျွမ်းကျင်တယ်လို့ယူဆထားတဲ့
လူမှုစိတ်ပညာအခြေပြု
မားကတ်တင်းပညာကိုအခြေခံပြီး
အကြံပေးခြင်း၊ သင်ကြားခြင်းကို
Professional Development အဖြစ်
တည်ဆောက်ခဲ့တဲ့အခါ
ကိုယ့်နယ်ပယ်မှာ
လူရိုသေရှင်ရိုသေဖြစ်လာပြီး
ဘဝကောင်းကောင်း
ရပ်တည်လို့ရတဲ့ အသက်မွေးမှုဖြစ်လာတယ်။

တတိယပြဿနာက
“ကိုယ်အလုပ်မလုပ်နိုင်ရင်တောင်
ငွေရှာပေးနေမည့်လုပ်ငန်း မရှိတာ”။
ဒါကို ဖြေရှင်းဖို့
အိပ်နေရင်တောင်ငွေဝင်နိုင်တဲ့
Digital Product, Platforms
ပလက်ဖောင်းနဲ့
စာအုပ်၊ App
အင်တာနက်က ဝင်ငွေအပြင်
တခြားကိုယ်သေချာ
ထဲထဲဝင်ဝင် နားလည်တဲ့
တကယ်လဲ ကိုယ့် mission နဲ့ကိုက်တဲ့
ပညာရေးနဲ့ နည်းပညာလုပ်ငန်း
၈ ခု လောက်မှာ ပူးတွဲတည်ထောင်သူ၊
ဒါရိုက်တာ၊ ရှယ်ယာရှင်အနေနဲ့ဖန်တီးခဲ့တယ်။
ချမ်းသာကြီး မဟုတ်ပေမယ့်လဲ
ကိုယ့်သားသမီး ကိုယ့်မရှိလဲ
သူတို့အနာဂတ်အတွက်
စိတ်ပူစရာမလိုအောင်တော့
စီစဥ်ပေးခဲ့ဖို့လိုတယ်။
ဒါကတော့ Business Development ပိုင်း။

စတုတ္ထပြဿနာကတော့
“မပြင်မဆင်ဘဲ မသေချင်ဘူး။”
ဒီပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။
ဒါကတော့ Spiritual Development ပေါ့။
ဘာသာတရားက ဖြေရှင်းပေးတဲ့
ပြဿနာကတော့
လောကကို နားလည်အောင်ရှင်းပြတဲ့
ပုံစံတစ်ခုပေးတယ်။
မတူညီတဲ့ဘာသာတရားမှာ
မတူညီတဲ့ လောကအမြင်ရှိတယ်။
သေပြီး ဘာဖြစ်မယ်မသိပေမယ့်
မသေခင်မှာ ကိုယ်နဲ့ကိုက်တဲ့
အတွေ့အကြုံကိုပေးနိုင်မည့်
လောကကို နားလည်စေမည့်
ဥာဏ်ကို ပေးမည့် အလေ့အကျင့်ကို
ပုံမှန်းလေး လေ့လာသွားဖို့
စဥ်းစားမိတယ်။
အခုကတော့ ဒီအချက်ကို
ဖြေးဖြေးလုပ်ပြီး မှတ်စုထုတ်တဲ့အချိန်ပေါ့။

ဘဝခရီးသည်၊
သံသရာခရီးသည်ဆိုတော့
သံသရာတစ်ကွေ့
ဒီတစ်နေ့ကို အလဟသဖြုန်းတီးတာကတော့
မိုက်မဲတာပဲလို့တော့
ကိုယ့်ကိုကိုယ် အသိပေးမိတယ်။

Phyo Paing @ Derek

Share Your Idea!​