Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ ဘာကြောင့်နေလဲ
အဓိပ္ပာယ်သေချာမသိရင်
သေဖို့အသက်ရှင်နေရသလိုပဲ
ဖြစ်နေနိုင်တယ်

ဘဝမှာ ပိုက်ဆံအရေးကြီးတယ်။
ဒါမရှိရင် ကျန်တာတော်တော်များများ
ဆက်လုပ်လို့မလွယ်ဘူး။
သွားချင်တဲ့နေရာမသွားနိုင်ဘူး။
ချစ်ခြင်းမေတ္တာကိုဖော်ပြလို့မရနိုင်ဘူး။
ကိုယ်အထောက်အပံ့ပြုချင်သူတွေကို
အထောက်အပံ့ပြုဖို့ မလွယ်ပြန်ဘူး။
ဒီတော့ ဘဝမှာ လူဖြစ်တဲ့အခိုက်အတန့်
ပိုက်ဆံ money ရှိဖို့လိုတယ်။

ဒီ ပိုက်ဆံရှိဖို့ ကိုယ့်အချိန်နဲ့လဲလို့ရတယ်။
ဒါက အကောင်းဆုံးနည်းတော့မဟုတ်ဘူး။
ကုမ္ပဏီမှာ အချိန်နဲ့ လုပ်အားရောင်းပြီး
ပိုက်ဆံရှာတာ။
တကယ်လို့ ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်၊
အနာဂတ်အတွက် အခွင့်အလမ်းတွေရှိတယ်ဆိုရင်တောင်
နောက်ဝင်ငွေတစ်ခုအမြဲကြိုစဥ်းစားထားဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ်ကသာ
ကုမ္ပဏီကိုချစ်တာ
ကုမ္ပဏီက ကိုယ့်ကို ဘယ်အချိန်အချစ်ရပ်မယ်မသိနိုင်ဘူး။

ပိုက်ဆံကိုရှာလို့ရတယ်။
ပိုက်ဆံကိုယ့်ဆီလာအောင်လုပ်လို့ရတယ်။
ကိုယ်က ဘယ်မဟာဗျူဟာနဲ့ ငွေရှာမလဲ
ဘယ်လိုရှာရင် ပိုပျော်သလဲသိဖို့လိုမယ်။

နောက်တစ်ခုကတော့ ဘဝအဓိပ္ပာယ်။
ဒီ ဘဝအဓိပ္ပာယ် meaning ဆိုတာ
money မရှိရင် ရှာဖို့အတော်ခက်တယ်။

သေချာတာတစ်ခုက ကိုယ်မွေးတဲ့နေရာအတွက်
တစ်ခုခုကောင်းတာတော့ပြန်လုပ်ပေးရမယ်။
ဒါမှလဲ ကိုယ်လူဖြစ်လာတာ
ကိုယ့်နေတဲ့နေရာအတွက် တန်ဖိုးရှိမှာ။

လောကမှာ ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတာ
များများစားစားမရှိဘူး။
လုပ်ပေးနိုင်တာကတော့
ကိုယ်ကျွမ်းကျင်လိမ္မာရာနဲ့
လူတွေကို ကူညီပေးတာပဲ။

Phyo Paing @ Derek

Share Your Idea!​