ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။
၂၄ ပစ္စည်းထဲက
အဓိပတိပစ္စယောဆိုတဲ့အတိုင်း
ဆန္ဒ (လုပ်ချင်စိတ်)၊
စိတ် (စိတ်ဓာတ်)၊
ဝီရိယ (အားထုတ်မှု)၊
ဝိမံသာ (စူးစမ်းဆင်ခြင်တတ်တဲ့ပညာ) ကနေ
အခြားတရားတွေကို အစိုးရပြီး
ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။
ရည်မှန်းချက် ဆန္ဒတွေဖြစ်ပေါ်ဖို့
စိတ်ဓာတ်ပြင်းပြပြီလား၊
အားထုတ်မှုရှိပြီလား၊
အရေးပါတာကို အရာပေးနိုင်ဖို့
ပညာရှိပြီလား။
ဒီအထောက်အပံ့မရှိရင်
အိမ်မက်တစ်ခုအနေနဲ့ပဲဆက်ရှိသွားနိုင်တယ်။
နေ့တိုင်း စိတ်ဓာတ်ကိုလေ့ကျင့်နေလား၊
နေ့တိုင်း အားထုတ်မှုဝိရိယရှိသလား၊
နေ့တိုင်း ပညာတိုးပွားနေသလား။
ဒီအထောက်အပံ့တွေ အရေးကြီးတယ်။
Phyo Paing @ Derek