လူတွေက လောကကြီးကို
တစ်သက်လုံးနေရမယ်အထင်နဲ့
အဖြစ်အပျက်တွေကို စိတ်ညစ်တတ်ကြတယ်။
စားသောက်ပုံနဲ့ ခေါင်းထဲထည့်တဲ့
အတွေးအခေါ်မတူရင်တောင်
တစ်ပတ်နဲ့တစ်ပတ် ပုံစံမတူတော့တဲ့ဘဝကြီး။
လူတိုင်းဟာ တစ်နေ့သေမှာပါ။
စောစောသေမှာနဲ့ နောက်ကျသေမှာပဲရှိတယ်။
သေမှာထက်ကြီးတဲ့ ပြဿနာ၊
မသေခင်လုပ်ချင်တဲ့အရာတွေ
မကောင်းအထည်မဖော်ဘဲ
သေသွားမည့်ပြဿနာလောက်
ကြီးတာ မရှိဘူးလို့ထင်မိတယ်။
ရှင်သန်ခြင်းမှာ အဓိပ္ပာယ်တွေရှိတယ်။
ရုန်းကန်ခြင်းမှာ အဓိပ္ပာယ်တွေရှာဖို့လိုတယ်။
ဘဝဆိုတာ ဒုက္ခဆိုရင်
ဘယ်ဒုက္ခကို ကိုယ်ဖြေရှင်းရတာကြိုက်လဲ
ရွေးချယ်ရမှာပဲ။
ဘဝက Choose your struggle ပဲ။
ဘယ်မှာ၊ ဘာကို၊ ဘယ်သူတွေနဲ့ ဘယ်လို
ရုန်းကန်ကြမလဲ။
ဘဝမှာ ရုန်းကန်တာ ထုံးစံပါပဲ။
Phyo Paing @ Derek