Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။

ရွေးချယ်မှုက ကြိုးစားမှုထက်
ပိုအရေးကြီးတယ်။

ကြိုးစားပြီး အရာမရောက်တဲ့သူတွေ
အများကြီးတွေ့ဖူးလိမ့်မယ်။

ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။
ရွေးချယ်မှုမှန်ကန်ဖို့လိုတာ။

အရှေ့အရပ်ကိုရောက်ချင်ပြီး
အနောက်အရပ်ကိုပြေးနေလို့မရဘူး။

တချို့ရွေးချယ်မှုတွေက
ပြန်ပြင်လို့ရတယ်။
တချို့ရွေးချယ်မှုတွေက
ပြန်ပြင်ရင် ရုပ်ဆိုးတတ်တယ်။
တချို့ရွေးချယ်မှုတွေက
ပြန်ပြန်လို့မရဘူး။

ဥပမာ အလွယ်တကူပြင်လို့ရတဲ့
ရွေးချယ်မှုတွေက
ကိုယ့်ရဲ့ပုံပန်းသဏ္ဏာန်ကို
မကြိုက်ရင် ပြန်ပြင်လို့ရတယ်။
ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ပုံကိုမကြိုက်ရင်
ပြန်ပြင်လို့ရတယ်။

ပြင်ရင် ရုပ်ဆိုးတဲ့ရွေးချယ်မှုက
လူတွေနဲ့ပတ်သက်တဲ့ ရွေးချယ်မှု။
ချစ်သူချင်းလမ်းခွဲတာ၊
divorce လုပ်တာ။
ဒါတွေက ငွေကြေးအပိုင်း၊
ဥပဒေပိုင်း၊ လူမှုရေးအပိုင်းတွေ
တစ်ခုမဟုတ် တစ်ခုပါလာပြီ။

ပြန်ရွေးချယ်လို့မရတာ။
သားသမီးမွေးပြီး ပြန်ရွေးချယ်လို့မရဘူး။
သူ့ဖာသူ ဘာရောဂါရှိရှိ
ပြန်ရွေးချယ်လို့မရဘူး။

ဘဝက ကိုယ့်ရွေးချယ်မှုရဲ့
ရလဒ်ပဲ။

ရွေးချယ်မှုမှန်ကန်ဖို့
ကိုယ်လုပ်တဲ့ရွေးချယ်မှုက
နောက်ကြောင်းပြန်လို့လွယ်လား၊
မလွယ်ဘူးလား၊
နောက်ကြောင်းပြန်လို့မရဘူးလား
အရင်ဆုံးသိဖို့လိုတယ်ဆိုတာ
တဖြည်းဖြည်းပိုနားလည်လာတယ်။

နောက်ကိုယ့်ရဲ့ရွေးချယ်မှုမှားနေရင်
ပြင်မယ်ဆိုရင်
ကိုယ်ဆုံးရှုံးမည့်အရာနဲ့
ပြန်ရမည့်အရာ ကိုက်လား
ပြန်စဥ်းစားဖို့လိုလာပြန်တယ်။

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။
နေ့စဥ် ဘာတွေတွေးမယ်၊
ဘာတွေလုပ်မယ်။
ဘယ်သူတွေနဲ့ဝန်းရံမယ်။
ဘယ်လိုသူတွေနဲ့ စီးပွားရေးလုပ်မယ်။
ဘယ်လိုနေရာမှာနေမယ်။
ဘယ်လိုလူတွေကိုရှောင်မယ်။
ဘယ်လိုဆုံးဖြတ်ချက်ချမယ်။

ဒီရွေးချယ်မှုတွေက
ကြိုးစားမှုထက် ပိုအရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​