Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ ရှာနေတာ ဘာလဲ။


အဖြေက ရိုးရိုးလေးပဲ။
တော်၊ ပျော်၊ ပွား၊ ပေး။

တော်
လူဆိုတာ ရပ်နေလို့ မရဘူး။
ရပ်နေရင် ဆုတ်နေတာ။
ရေက စီးနေတယ်။
ကိုယ်က ရေဆန် ကူးနေရတာ။
နေ့တိုင်း နည်းနည်းပဲဖြစ်ဖြစ် ရှေ့ဆက်။
မနေ့က ကိုယ်ထက် ဒီနေ့က ကိုယ် ပိုတော်ရမယ်။
Aristotle ပြောတယ်။
“Excellence is not an act, but a habit.”
တော်တာက တစ်ခါလုပ်တာ မဟုတ်ဘူး။
နေ့တိုင်း လုပ်တာ။

ပျော်
ပျော်ရွှင်မှုကို နောက်ဆို ရှာမယ်လို့ မထားနဲ့။
အောင်မြင်မှ ပျော်မယ်။
ချမ်းသာမှ ပျော်မယ်။
ဒါ ထောင်ချောက်။
ပျော်ရွှင်မှုက ခရီးဆုံးမှာ မရှိဘူး။
ခရီးလမ်းမှာ ရှိတယ်။
Buddha ကဆုံးမခဲ့တယ်။
“There is no path to happiness. Happiness is the path.”
ဒီနေ့ မပျော်နိုင်ရင်
ဘယ်နေ့မှ မပျော်နိုင်ဘူး။

ပွား
ပွားတာ ငွေတစ်ခုတည်း မဟုတ်ဘူး။
ဉာဏ်ပညာ ပွားနိုင်တယ်။
ဆက်ဆံရေး ပွားနိုင်တယ်။
ကျန်းမာရေး ပွားနိုင်တယ်။
ကုသိုလ် ပွားနိုင်တယ်။
တစ်နေ့ တစ်စက်။
တစ်နှစ် ပင်လယ်။
Compound Effect။
Einstein က “အဋ္ဌမမြောက် အံ့ဖွယ်” လို့ ခေါ်တယ်။
နေ့တိုင်း နည်းနည်း ပွားနေရင်
တစ်ချိန်မှာ အံ့သြစရာ ဖြစ်လာမယ်။

ပေး
ဒါ အခက်ဆုံး။
ဒါ အမြင့်ဆုံး။
ယူတာက လွယ်တယ်။
ပေးတာက ခက်တယ်။
ဒါပေမယ့် –
ယူလေ လိုလေ။
ပေးလေ ပြည့်လေ။
Adler ပြောတယ်။
“The meaning of life is contribution.”
ဘဝရဲ့ အဓိပ္ပာယ်က ပေးဆပ်မှုမှာ ရှိတယ်။
ကိုယ့်အတွက်ပဲ နေရင် အလွတ်ကြီး။
သူများအတွက် ပေးရင် အပြည့်။

၄ ခု ချိတ်ဆက်နေတယ်
တော်မှ ပေးစရာ ရှိမယ်။
ပေးမှ ပွားမယ်။
ပွားမှ လွတ်လပ်မှု ရမယ်။
လွတ်လပ်မှ ပျော်မယ်။
ပျော်မှ ပိုတော်အောင် လုပ်ချင်မယ်။
Flywheel တစ်ခု။
လည်နေတယ်။

နေ့တိုင်း မေးပါ
ဒီနေ့ ဘာပိုတတ်လာလဲ – တော်
ဒီနေ့ ဘာနဲ့ပျော်ခဲ့လဲ – ပျော်
ဒီနေ့ ဘာတိုးလာလဲ – ပွား
ဒီနေ့ ဘာပေးခဲ့လဲ – ပေး
၄ ခုလုံး ဖြေနိုင်ရင်
အဲ့နေ့ အဓိပ္ပာယ်ရှိတဲ့နေ့။

ဘဝက ရှုပ်ထွေးသလို ထင်ရတယ်။
တကယ်တော့ ရိုးရိုးလေးပဲ။
တော် – ကြီးထွားမှု
ပျော် – ပျော်ရွှင်မှု
ပွား – ကြွယ်ဝမှု
ပေး – အဓိပ္ပာယ်
နေ့တိုင်း ဒီ ၄ ခု။
ဘဝတစ်ခုလုံး ပြည့်စုံမယ်။

Phyo Paing @ Derek

Share Your Idea!​