နိုင်သွားရင်တောင် ရှုံးတဲ့အရာနဲ့
ရှုံးသွားရင်တောင် နိုင်တဲ့အရာ။
ဥပမာ အရက်ပြိုင်သောက်တယ်။
နောက်တစ်ခုက စာပြိုင်တယ်။
၁။ အရက်သောက်ပြိုင်တာ –
အရက်သောက်ပြိုင်ပွဲမှာ နိုင်သွားရင်တောင်
ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်
တကယ်တမ်း ရှုံးနေတာပါပဲ။
၂။ စာပြိုင်တာ –
စာပြိုင်ပွဲမှာ ရှုံးသွားရင်တောင်
ကိုယ်က ဗဟုသုတ၊ အသိပညာတွေ
တိုးလာတဲ့အတွက် တကယ်တမ်း
နိုင်နေတာပါပဲ။
ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။
Phyo Paing @ Derek