“ကိုယ့်ကိုကိုယ် နားလည်ဖို့”ပဲ။
ဘဝမှာ ကိုယ့်ကိုကိုယ်
သေချာနားမလည်ခဲ့တော့
အမှားတွေ အများကြီးလုပ်ခဲ့တယ်။
ကိုယ့်ကိုကိုယ် ခိုင်းလို့မရဘူး။
လိုချင်တာရအောင်
ဒီ စိတ်၊ ခန္ဓာ၊ အသိဥာဏ်နဲ့
စွမ်းအားတွေကို
အကောင်းဆုံးအသုံးမချနိုင်ခဲ့ဘူး။
လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ
တော်တော် အခက်အခဲတွေ့တယ်။
ကိုယ့်ကိုကိုယ် နားမလည်တော့
လူတွေကို နားလည်အောင်
ကြိုးစားဖို့ခက်တယ်။
နားလည်ရခက်တယ်။
ဘဝရဲ့ အချိန် အများစုက
“ကိုယ့်ကိုကိုယ်နားမလည်လို့”
တိုင်ပတ်ခဲ့တာများတယ်။
မသေခင် တစ်သက်လုံးအတူ
နေရမည့်
စိတ်နဲ့ ခန္ဓာကို စီမံခန့်ခွဲနိုင်ဖို့
ကိုယ့်ကိုကိုယ် နားလည်ဖို့ကြိုးစားရတယ်။
ဖြစ်ချင်တော့
ကိုယ်လေးစားသူတွေကလဲ
အများနဲ့မတူဘူး။
ငယ်ဘဝဖြတ်သန်းမှုကလဲမတူဘူး။
ရင်ခုန်စေတဲ့အရာတွေက
အများနဲ့မတူဘူး။
ကိုယ့်အတွေးတွေက
အများနဲ့ မတူဘူးဖြစ်နေတယ်။
ကိုယ့်ကိုကိုယ် နားလည်စပြုလာတော့
ခိုင်းတတ်လာတယ်။
လိုချင်တာရအောင်
ကြံစည်နိုင်လာတယ်။
လူတွေ အများစုဖြစ်တဲ့ပြဿနာက
ကိုယ့်ကိုကိုယ် နားမလည်တာကစတယ်။
ကိုယ့်ကိုကိုယ်နားမလည်တဲ့အခါ
ကိုယ့်အစွမ်းအစကို
အကောင်းဆုံးအသုံးမချနိုင်ဘူး။
ဒီတော့ လောကမှာ
နေ မပျော်ဘူး။
စားဝတ်နေရေး၊
အချစ်ရေး၊
စီးပွားအလုပ်အကိုင်၊
အပေါင်းအသင်း၊
အတွေးအခေါ်ပိုင်းမှာ
တိုးတက်မှုမရှိတဲ့အခါ
မပျော်ကြဘူး။
ဘာကြောင့်လဲဆိုတော့
ပျော်ရွင်မှုဆိုတာ တိုးတက်မှုကလာတယ်။
ဒါက အရာရာကိုပြောင်းလဲဖို့ကြိုးစားတာထက်
ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်ဖို့
အဓိက ကြိုးစားတယ်။
စိတ်ပညာရှင်ကြီး
ဝီလီယံဂျိမ်းပြောသလို
ကိုယ့်စိတ်ကို ပြောင်းလဲနိုင်ရင်
ကိုယ့်ဘဝကို ကိုယ်ပြောင်းလဲနိုင်တယ်တဲ့။
ကိုယ့်ကိုကိုယ် နားလည်ဖို့
ကိုယ်ရည်ကိုယ်သွေးအကြောင်းလေ့လာ။
စိတ်ပညာပိုင်းလေ့လာ။
စိတ်ပညာခွဲခြမ်းစိတ်ဖြာခြင်း
Psycho-analysis လေ့လာ။
ကျွန်တော့်ဘဝမှာတော့
စိတ်ပညာ ခွဲခြမ်းစိတ်ဖြာမှုက
ဘဝမှာ၊
အလုပ်နဲ့ စီးပွားမှာ
အများကြီးအသုံးဝင်တယ်။
Phyo Paing @ Derek