ရှမ်းပြည်မြောက်ပိုင်း
ကျောက်မဲမြို့လေးမှာ
ဘဝထဲရောက်လာပြီး
ဟိုမြို့ရောက်လိုက်
ဒီမြို့ရောက်လိုက်
ချစ်ရတဲ့ မန္တလေးမြို့မှာ
နှစ်နှစ်ဆယ်နေခဲ့ပြီး
Go Big or Go Home
ဒီစိတ်နဲ့ဘဲ ရှေ့ဆက်လာတယ်။
အရာရာဆုံးရှုံးသွားခဲ့ရင်တောင်
အရင်းပဲ။
အရူးအမူးချစ်ဖူးတယ်။
ကြေကွဲဖူးတယ်။
ဥာဏ်မရှိတာတွေလုပ်ဖူးသလို
ဥာဏ်လဲ ကောင်းဖူးတယ်။
မနေချင်တဲ့နေရာတွေမှာ
နှစ်ပေါင်းများစွာနေဖူးသလို
ရောက်ချင်တဲ့နေရာတွေလဲ
သွားခဲ့တယ်။
တတ်ချင်တဲ့ဘာသာစကား
တတ်အောင်သင်တယ်။
ဖတ်ချင်တဲ့စာအုပ်
ဖတ်နိုင်အောင်ဖတ်တယ်။
လုပ်ချင်တဲ့ ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီ
လုပ်ခဲ့ဖူးတယ်။
ကိုယ် ရူးသွပ်တန်ဖိုးထားတဲ့အလုပ်နဲ့
အသက်မွေးမှုတွေပြုတယ်။
အမေ့ကို ကျေးဇူးဆပ်ဖူးတယ်။
လုပ်ချင်တဲ့လုပ်ငန်းတွေလဲလုပ်နေဆဲပဲ။
ဖန်တီးချင်တဲ့ နည်းပညာ ဖန်တီးတယ်။
ထုတ်ချင်တဲ့ စာအုပ်ထုတ်တယ်။
ကူညီပေးချင်တဲ့သူတွေကို ကူညီပေးနိုင်တယ်။
နေချင်တဲ့ ဘဝနေထိုင်မှုပုံစံ နေတယ်။
ဘဝမှာ အရာရာမရှိတော့ရင်တောင်
အတွေ့အကြုံတွေကို ကိုယ်ပိုင်တယ်။
Phyo Paing @ Derek