ဒါပေမယ့် လူအများစုကိုမေးကြည့်
နောက်ဆုံး ဘယ်အချိန်က
ပျော်ရွင်ခဲ့ရလဲဆို
တော်တော် ပြန်စဉ်းစားရတာ
တွေ့ရတတ်လေ့ရှိတယ်။
ပစ္စုပ္ပန် ပျော်ရွင်မှုနဲ့
အနာဂတ် ပျော်ရွင်မှုနှစ်မျိုးရှိတယ်။
ကိုယ်ချစ်တဲ့၊ ဝါသနာပါတဲ့ အလုပ်ကို
လုပ်နေရတာ ဒါပစ္စုပ္ပန်ပျော်ရွင်မှု။
အနာဂတ်မှာ ကျန်းမာဖို့
လေ့ကျင့်ခန်းလုပ်ရတာ၊
တချို့ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ
လုပ်နေရတာ
ဒါ အနာဂတ်ပျော်ရွင်မှုအတွက်။
ဘဝမှာ ပျော်ရွင်မှုက
ပထမ ဦးစားပေးပဲ။
အခြေနေတွေအားလုံး
အဆင်ပြေမှ ပျော်ရွင်ရမယ်ဆို
ပျော်ဖို့ အခွင့်အရေးတောင်
ရှိချင်မှ ရှိမယ်။
ဒါကြောင့် ကိုယ်အခု လက်ရှိ
လုပ်နေတဲ့အလုပ်တွေက
ပစ္စုပ္ပန်ပျော်ရွင်မှုအတွက်
ကူညီပေးမလား၊
ဒါမှ မဟုတ် အနာဂတ်အတွက်
ပျော်ရွင်မှုအတွက် ကူညီပေးမလား
တစ်ခုခုကိုတော့ ကူညီပေးမှရမယ်။
Phyo Paing @ Derek