Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ “Best Version”
အကောင်းဆုံးပုံစံဖြစ်ဖို့ပဲ။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊
ခံစားမှုရေးရာ၊ ပညာရေး။

ကိုယ့်ရဲ့ အကောင်းဆုံးပုံစံဖြစ်ဖို့
ကိုယ်ဘာကို ထိန်းချုပ်လို့ရလဲ၊
ဘာကို ထိန်းချုပ်လို့မရဘူးလဲ သိရမယ်။

ထိန်းချုပ်လို့ရတာကိုပဲ ထိန်းချုပ်။
ထိန်းချုပ်လို့မရတာတွေကို
စဥ်းစားတွေးပူပြီး ဗျာများမနေနဲ့။

ကိုယ့်ကိုကိုယ် အထိန်းအကွပ်ထား။
self-control ရှိဖို့လိုတယ်။
ကိုယ့်ကိုကိုယ် အမြဲအလိုမလိုက်နဲ့။
လုပ်ချင်ပြီး မလုပ်သင့်တာကို
မလုပ်ပဲ နေနိုင်အောင် နေကြည့်။

စည်းကမ်းရှိဖို့လိုတယ်။
discipline အရေးကြီးတယ်။
စည်းကမ်းသည် လူ၏တန်ဖိုးဆိုတာမှန်တယ်။
ကိုယ်သတ်မှတ်ထားတဲ့အရာတွေကို
မဖြစ်ဖြစ်အောင် လုပ်။

ဘဝကို အရမ်းမသာယာနဲ့။
easy life ထက် meaningful life ဖြစ်ဖို့
ပိုအရေးကြီးတယ်။
ဒါကြောင့် planned suffering လို့ခေါ်တဲ့
ကိုယ့်ကို သက်သောင့်သက်သာမရှိစေတဲ့
အရာတွေကို ရံဖန်ရံခါ သို့
နေ့စဥ်လုပ်ပေး။
cardio ဆော့ပြီး အရမ်းမောတဲ့ခံစားချက်တို့။
လူတွေ ငြင်းပယ်တာကို ခံနိုင်ဖို့
စျေးဆစ်ကြည့်တာ။
အဆစ်တောင်းကြည့်တာတို့ လုပ်ကြည့်။
ဘဝမှာ rejection ငြင်ပယ်တာကိုခံနိုင်လာလိမ့်မယ်။
ဒူပေဒါပေဖြစ်လာလိမ့်မယ်။

အဆိုးဆုံးဖြစ်နိုင်ခြေတွေကို ကြိုတွေးပြီး
စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ထား။
ဒါကို negative visualization လို့ခေါ်တယ်။
ကိုယ့်မိဘ၊ ကလေး၊ ကိုယ်အချစ်ရဆုံးသူ
လောကထဲက ထွက်ခွာသွားတာ။
ကိုယ်အချစ်ဆုံးသူ ဖောက်ပြန်တာ။
ကိုယ် ဒုက္ခိတဖြစ်သွားတာ။
ဘာသာတရားမှာဆို ကိုယ်သေတာကိုပြန်ရှုတဲ့
အသုဘကမ္မ ဋ္ဌာန်းရှုတာ။
တချို့ ဘဝရဲ့ life purpose ရှာတဲ့သူတွေအတွက်ဆို
သင်တန်းတွေမှာ သေတဲ့အချိန်ကိုစဥ်းစားခိုင်းတဲ့
contemplation လုပ်တဲ့နည်းနဲ့ ပုံစံဆင်တယ်။
တော်တော်လေးခက်တယ်။
စိတ်ဓာတ်ရေးရာ ပြင်ဆင်ထားဖို့လိုတယ်။

နောက်တစ်ခုက ကိုယ်မကြိုက်တာကို
သူများကိုလဲ မလုပ်ဖို့လိုတယ်။
မျှမျှတတစဥ်းစားတတ်ဖို့လိုတယ်။

ဒါကတော့ ကျွန်တော်ကျင့်သုံးတဲ့
Stoicism စတိုးဝတ် အတွေးအခေါ်ကို
အားတီ၊ အားမေတို့အတွက် အကျဥ်းချုပ်ပေးထားတာ။

Phyo Paing @ Derek

Share Your Idea!​