Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။

ဆယ်တန်းတုန်းက စာမကျက်
အလေလိုက်ပြီး နေလာတာ
စာမေးပွဲဖြေဖို့ နှစ်လလောက်နေတော့
စဥ်းစားမိတယ်။
တကယ်လို့သာ ဆယ်တန်းရလဒ်
မကောင်းခဲ့ရင် ကိုယ့်ဘဝဘာဖြစ်မလဲ။

ဒါနဲ့ နှစ်လလောက်အတွင်းမှာ
ဘာသာရပ်တိုင်းအတွက် Formula ထုတ်တယ်။
သင်္ချာဆို အချိန်း ၈ circle ထိ
နောက် အခန်း ၁၂ differentiation တွေကျ
Learner’s Choice ထဲက
Multiple Choice တွေလုပ်တယ်။
Biology ကိုလဲအပင်အကြောင်းတွေကျော်ပြီး
Rabbit အခန်းက စလေ့လာတယ်။​
ဒီလိုဆေးကျောင်းရောက်သွားတယ်။​

ကိုယ်ကစီးပွားရေးလုပ်ချင်တာ
ဒါပေမယ့် ဘွဲ့ကမရလို့ကမဖြစ်ဘူး။
ဒီတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင်
နည်းလမ်းရှာရပြန်တယ်။​

ဒီလို နည်းလမ်းရှာကနေ သူငယ်ချင်းတွေက
ကျွန်တော့်ကို Formula Man လို့
ခေါ်လာကြတယ်။

Formula Man လိို့ခေါ်တာ
တစ်ခုခုလုပ်တော့မယ်ဆို လေ့လာပြီး
အလွယ်ကူဆုံး Formula ထုတ်လို့လို့ပြောတယ်။

ကမ္ဘာပေါ်ကိုရောက်ရှိလာတာ ဒီနေ့ဆို
ရက်ပေါင်း ၁၂၁၁၁ ရက်ရှိပြီဆိုတော့
သင်ခန်းစာတွေလဲ တော်တော်များများ
ရနေပြီးပြီလို့ယူဆတယ်။

ဘဝရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေအတွက်
Formula အချို့လဲ ရှိနေတယ်။
ဒီ Formula တွေကို ပိုကောင်းအောင်
လုပ်သွားရမယ်။

ကိုယ့်ဘဝမှာ အလုပ်ဖြစ်တာတွေ
ထပ်ခါထပ်ခါ ဖြစ်နေတဲ့
Formula တွေလိုတယ်။

Phyo Paing @ Derek

Share Your Idea!​