ဘဝမှာ
မလုပ်ချင်တာ လုပ်ရတဲ့အချိန်ရှိတယ်။
ဘဝမှာ
မလုပ်ချင်တာ တစ်ဝက်၊
လုပ်ချင်တာ တစ်ဝက်လုပ်ရတဲ့အချိန်ရှိတယ်။
ဘဝမှာ
လုပ်ချင်တာပဲ လုပ်ရတဲ့အချိန်ရှိတယ်။
ဘဝမှာ
လုပ်ချင်တာလုပ်ရင်း ငြီးငွေ့လာတဲ့အချိန်ရှိတယ်။
ဘဝမှာ
အရေးမပါတာတွေကို မရာမပေးမိတော့တဲ့အချိန်
ရှိလာမယ်။
ဘဝမှာ
သံဝေဂတရား လက်ကိုင်ထားပြီး
ဘဝရဲ့ အဓိပ္ပာယ် စစ်စစ်ကို
သိတဲ့အချိန် ရှိလာမယ်။
Phyo Paing @ Derek