အသိ သူငယ်ချင်းတွေ
တစ်ယောက်ပြီးတစ်ယောက်
ကမ္ဘာလောကကြီးက
ထွက်ခွာသွားကြတယ်။
ငယ်သူငယ်ချင်းတွေ၊
တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊
အသိမိတ်ဆွေတွေ။
ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။
ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်း
ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး
ဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့
နေ့တိုင်း အားထုတ်နေပါတယ်။
နေ့စဥ် တော်ပျော်ပွားပေးရမယ်။
တော်ရမယ်။
ပျော်ရမယ်။
ငွေကြေးဥစ္စာ ပွားရမယ်။
ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။
Phyo Paing @ Derek