ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲက
တစ်နှစ်ကို တစ်ခု အာရုံစိုက်
ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီး
ပြီးမြောက်သွားတာလောက်
အရသာရှိတာ မရှိဘူး။
တချို့ ရည်မှန်းချက်တွေအတွက်က
သုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။
ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများ
ရောက်ဖူးပြီ။
ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့
အတွေ့အကြုံတော်တော်များများလဲ
တွေ့ကြုံပြီးပြီ။
ထပ်ပြီးစမ်းသပ်ချင်တဲ့အရာ
လုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်
အာရုံကို အာဏာကုန်စိုက်ပြီး
ဖြစ်အောင်လုပ်ရတဲ့ခံစားချက်က
တော်တော်လေး ကောင်းတယ်။
Phyo Paing @ Derek