အသက်ရှင်တုန်း
ကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲ
သေချာ သိသွားချင်တယ်။
ဘဝရဲ့ ပန်းတိုင်ကဒါပဲ။
အစွမ်းအစ ထွက်လာမထွက်လာက
“လူတွေ မမှတ်မိလောက်အောင်
တိုးတက် မတိုးတက်နဲ့ ကြည့်တယ်။”
အင်္ဂလိပ်လို မပြောတတ်ရာက
မွတ်နေအောင်။
ခန္ဓာကိုယ်ပုံပျက်နေရာက
ကျန်းမာသန်စွမ်းနေအောင်။
ချွတ်ခြုံကျနေရာမှ
ငွေကြေး တိုးတက်နေအောင်။
တိုင်ပတ်တဲ့ အချစ်ရေးမှ
ပျော်ရွင်တဲ့ စိတ်အေးချမ်းမှု။
ဒါတွေအားလုံးလုပ်ဖို့
တိုးတက်ရေးအရေးကြီးတယ်။
လူတိုင်းကို အပြောင်းအလဲလုပ်နိုင်ဖို့
မလွယ်ဘူး။
ကိုယ့်မိဘ၊ မောင်နှမ၊ သားသမီးတောင်
ပြင်ဖို့ သိပ်မလွယ်တာ
လူတိုင်းပြင်ဖို့ဆိုတာ မလွယ်ဘူး။
ဒီတော့ ပြင်ချင်တဲ့သူကိုပဲ ကူညီဖို့ဆုံးဖြတ်တယ်။
တခြားသူတွေက ကိုယ့်ထိန်းချုပ်မှုအောက်
မရှိဘူး။
ကိုယ့်ဘဝဘဲ ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။
ဒါကိုဘဲ အာရုံစိုက်ဖို့လိုနိုင်တယ်။
Phyo Paing @ Derek