Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။

တကယ်တမ်းစီးပွားရေးကို
နဖူးတွေ့ ဒူးတွေ့လုပ်ရတဲ့အခါ
ကုန်ကျစရိတ်ဆိုတာရှိတယ်။
လည်ပတ်စရိတ် ကျေဖို့လုပ်ရတယ်။
နောက်ပြီးမှ အမြတ်ပေါ့။

လူရယ်လို့ဖြစ်လာတဲ့အခါလဲ
လူရာဝင်အောင်လဲလုပ်ရသလို၊
နောက်တစ်ဆင့်
လူရိုသေ ရှင်ရိုသေလေးလဲဖြစ်အောင်
ကြိုးစားရပြန်တယ်။

တခါတလေ လိုချင်တာတွေ
ကိုယ့်ကို ဆွဲခေါ်တဲ့အတွက်
ဒီဇောနဲ့ အလုပ်တွေလုပ်
စင်ပေါ်ရောက်တဲ့အခါတွေလဲ
ရှိတတ်တယ်။

တခါတလေ လိုအပ်တာတွေကြောင့်
ငြင်းပယ်လို့မရပဲ
ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ
လုပ်ခဲ့ရတဲ့ အချိန်တွေလဲ
လူတိုင်းမှာ တခါမဟုတ်
တခါ ရှိခဲ့တတ်တယ်။

တခါတလေ သူကငါ့
ဘယ်လို ထင်နေမလဲဆိုတဲ့
လူတွေ အထင်အမြင်ကို
အာရုံစိုက်ပြီး ဗျာများတဲ့
အချိန်တွေလဲ ရှိတတ်တယ်။

လိုချင်တာတွေရှိတဲ့အတွက်
အကောင်အထည်ဖော်ရတာက
အရသာရှိတယ်။
လိုအပ်မှုတွေရှိတဲ့အတွက်
ဖြည့်ဆည်းရတာကတော့
အရသာ သိပ်မရှိလှဘူး။

ဒါကြောင့် ကိုယ့်ဘဝမှာ
လိုအပ်နိုင်တဲ့အရာတွေအတွက်
ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။

အခြေခံဖြစ်တဲ့ ကျန်းမာရေး၊
ငွေရေးကြေးရေး၊
ချစ်ခြင်းမေတ္တာ၊
အခြေခံပျော်ရွင်မှုလေးတွေ။

လိုအပ်တာတွေ ဖြည့်ဆည်းပြီးမှ
လိုချင်တာတွေ ဖြည့်ဆည်းလို့ရမယ်။

ကိုယ့်ရဲ့ အခြေခံ ပျော်ရွင်မှုအတွက်
လိုအပ်တဲ့ ငွေ၊ ကား၊
ချစ်ခြင်းမေတ္တာ၊ အသိမှတ်ပြုခံရမှုက
များလေလေ
ဘဝဖြတ်သန်းမှုမှာ ခက်လေလေ
ဖြစ်တတ်တဲ့အတွက်
လိုအပ်တာတွေ နည်းလေကောင်းလေ။

Phyo Paing @ Derek

Share Your Idea!​