တစ်ရက်တစ်ရက်သာကုန်သွားတယ်။
မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။
ဒါမျိုးကြုံဖူးတတ်ကြတယ်။
ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုက လာတာများတယ်။
ဒါကြောင့် တစ်ရက်တာအတွက်
မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့
ပြင်ရမည့်အချိန်ပဲ။
လျှောက်လုပ်နေလို့ မရဘူး။
စည်းကမ်းလိုတယ်။
ကြာကြာနေမှ တစ်ခါထလုပ်တဲ့
အလုပ်တွေက ဘဝကို
အပြောင်းအလဲ ဖြစ်စေတာထက်
စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေက
ကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။
ဒီနေ့ည အိပ်ယာဝင်တဲ့အခါ
မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲက
ဂုဏ်အယူဆုံးအရာတစ်ခုဆို
ဘာများဖြစ်မလဲ ဆိုတဲ့အခါ
ဘာများပြန်ဖြေဖြစ်မလဲ
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေ
လိုကောင်းလိုနိုင်တယ်။
Phyo Paing @ Derek