ဘဝအဆင့်လေးမျိုး။
၁။ ရုန်းကန်
၂။ လမ်းလွဲ
၃။ လမ်းငြိ
၄။ အထာကျကျ
ရုန်းကန်ရတဲ့အဆင့်မှာ
ရေမနစ်အောင်
ရေကူးနေရတဲ့အဆင့်။
သွားတော့သွားနေတယ်။
လွဲနေမှန်းတော့သိတယ်။
လွဲလွဲနဲ့ သွားနေတဲ့အဆင့်။
လွဲနေမှန်းသိပြီ။
တဖြည်းဖြည်း ပြန်ငြိတဲ့အဆင့်။
ဘဝမှာ ဖြစ်ချင်တာနဲ့
ဖြစ်နေတာနဲ့ သဟဇာတဖြစ်ပြီး
ဆက်ဖြစ်မည့်အရာအတွက်
ရင်ခုန်နေတဲ့အဆင့်။
လူတိုင်းရောက်နေတဲ့အဆင့်
မတူကြဘူး။
အပေါ်ရောက်ပြီးလဲ
အောက်ပြန်ကျနိုင်တယ်။
အဆင့်တွေ လည်နေတယ်။
မတူညီတဲ့အဆင့်မှာ
အမြင့်မတူရင် အမြင်တွေ မတူကြဘူး။
အဆင့်တက်ချင်ရင်
အမြင်ပြောင်းဖို့လိုနိုင်တယ်။
Phyo Paing @ Derek