ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာ
ကိုယ့်ရဲ့အစွမ်းအစတွေကို
အလဟသ ဖြုန်းတီးပစ်တာပဲ။
လူရယ်လို့ဖြစ်လာရင်
တခြားသူတွေကို တနည်းနည်းနဲ့
အကျိုးပြုရမယ်လို့ ယူဆထားတယ်။
လယ်သမားတွေ ထွန်ယက်စိုက်ပျိုးလို့
ထမင်းဆိုတာ စားရတယ်။
တီးထွင်တဲ့သူတွေကြောင့်
ဖုန်းတို့၊ ကားတို့၊ နည်းပညာတွေသုံးရတယ်။
သူတို့အကျိုးပြုမှုကြောင့်
ဘဝကြီးက နေသာထိုင်သာပိုရှိလာတယ်။
ကိုယ်ကလဲ အကျိုးပြန်ပြုပေးဖို့လိုတယ်။
ကိုယ်က ဘယ်လို ပြန်လည်အကျိုးပြုမလဲကို
ကိုယ့်ရဲ့ ရည်ရွယ်ချက်လို့ခေါ်တယ်။
တချို့တွေက ဘဝရဲ့ ခေါ်သံ calling၊
တချို့က သမိုင်းပေးတာဝန် mission
တချို့က ဘဝရဲ့ ရည်ရွယ်ချက် purpose
အမျိုးမျိုး နာမည်ပေးကြတယ်။
ဘဝဆိုတာ ပိုက်ဆံရှာမယ်။
သုံးမယ်၊ ဖြုန်းမယ်တစ်ခုထက်ပိုတယ်လို့
ယူဆထားတယ်။
မိတ်ဆွေရဲ့ mission ကတော့ မသိဘူး။
ကျွန်တော်ကတော့ ပညာရေးနဲ့
နည်းပညာ အသုံးးပြုပြီး
လူသားတွေရဲ့ ဘဝကို
တိုးတက်ပြောင်းလဲဖို့ ကူညီချင်တယ်။
ကိုယ့်အတွေ့အကြုံနဲ့
စမ်းသပ်မှုတွေကို ပြန်လည်မျှဝေပေးချင်တယ်။
Phyo Paing @ Derek